ဂျော်ဂျီယာနိုင်ငံတွင် အနောက်ဆန့်ကျင်ရေး ဆန္ဒပြ

အနောက်ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ မတ်လ ၁၄ ရက်က ဂျော်ဂျီယာပါလီမန် အဆောက်အအုံ အပြင်ဘက်မှာ ဥရောပသမဂ္ဂအလံကို ဖြုတ်ချပြီး ဂျော်ဂျီယာအလံကို အစားထိုးလွှင့်တင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
လက်ယာအစွန်းရောက် ဂျော်ဂျီယာ Alt Info အဖွဲ့မှ ဆန္ဒပြသူ ရာပေါင်းများစွာဟာ ဂျော်ဂျီယာမြို့တော် တီဘလစ်စီ အလယ်ပိုင်းကနေ ချီတက်ခဲ့ကြပြီး ပါလီမန်အပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။
ဂျော်ဂျီယာရှိ အစိုးရဌာနအများအပြားမှာလည်း ဂျော်ဂျီယာနဲ့ အီးယူအလံတွေကို လွှင့်တင်ထားတာပါ။
အခုဖြစ်ရပ်ဟာ အနောက်နိုင်ငံလိုလားသူတွေနဲ့ မကြာသေးခင်က အငြင်းပွားဖွယ် “နိုင်ငံခြား အေးဂျင့်များ” ဥပဒေကြောင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို တုံ့ပြန်ပုံရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အင်္ဂါနေ့ ချီတက်ပွဲရဲ့ တောင်းဆိုချက်တခုမှာ အခုပျက်ပြယ်သွားတဲ့ နိုင်ငံခြားအေးဂျင့် ဥပဒေအပေါ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ဖို့ဖြစ်ပါတယ်။
ဒီဥပဒေဟာ ပြည်ပမှ ရန်ပုံငွေ ၂၀ ရာခိုင်နှုန်းကို လက်ခံရရှိတဲ့ လူပုဂ္ဂိုလ်၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေဟာ ဂျော်ဂျီယာ တရားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားဩဇာခံ ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
နှိုင်းယှဥ်ပြထားတဲ့ ရုရှား “နိုင်ငံခြား အေးဂျင့်များ” ဥပဒေဟာ ရုရှားရှိ လွတ်လပ်တဲ့ မီဒီယာနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်း အများအပြားကို ပိတ်ပစ်ဖို့ သို့မဟုတ် နိုင်ငံခြားကို ပြောင်းရွှေ့အောင် ဦးတည်ခဲ့ပါတယ်။