ဟယ်ရီကိန်း၏အနာဂတ်ကို စပါးနှင့် ကာယကံရှင်တို့ကသာ ဆုံးဖြတ်နိုင်ကြောင်း ကွန်တေပြော

4
တိုက်စစ်မှူးဟယ်ရီကိန်းရဲ့အနာဂတ်ကို မိခင်ကလပ် စပါးနဲ့ ကာယကံရှင်ကစားသမားဖြစ်သူတို့က သာ ဆုံးဖြတ်နိုင်ကြောင်း နည်းပြကွန်တေက ပြောပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ကစာသမားဘဝ တလျှောက်မှာ ဆုဖလားတွေနဲ့ ဝေးကွာနေတာကြောင့် အခုနှစ်ရာသီအကုန်မှာ အသင်းသစ်ရှာဖွေဖို့ရှိနေတာပါ။
ဟယ်ရီကိန်းရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး နည်းပြကွန်တေကို မေးမြန်းရာမှာတော့ ကလပ်အသင်းနဲ့ ကာယကံရှင်တို့ကသာ အဆုံးအဖြတ်ပေးနိုင်ကြောင်းပြန်လည် ဖြေကြားခဲ့တာပါ။
ဟယ်ရီကိန်းလို ကမ္ဘာ့အဆင့်တိုက်စစ်မှူးကို စပါးအသင်းဘက်က ကစားသမားဘဝကုန် ဆုံးတဲ့အချိန်အထိ ဆက်ရှိစေချင်မှာဖြစ်ကြောင်း၊ ဒါပေမဲ့ ဘောလုံးမှာ မထင်မှတ် တာတွေလည်း ဖြစ်တက်တာကြောင့်ကလပ်အသင်းနဲ့ ကာယကံရှင်ကစားသမားတို့ကသာ ဆုံးဖြတ်ပေးနိုင်ကြောင်း နည်းပြကွန်တေက ပြောသွားပါတယ်။