အာဂျင်တီးနားတွင် လျှပ်စစ်မီး ပြတ်တောက်သဖြင့် ဓာတ်အားပေးကုမ္ပဏီကို တရားစွဲမည်

အာဂျင်တီးနားနိုင်ငံမှာ နွေရာသီအတွင်း အဆက်မပြတ် လျှပ်စစ်မီး ပြတ်တောက်နေတာကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးတဲ့ ကုမ္ပဏီကို တရားစွဲတော့မှာ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက မတ်လ ၁၆ ရက်မှာ ကြေညာပါတယ်။
အမျိုးသား လျှပ်စစ်ဓာတ်အား ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ဟာ ဗျူနိုအေရိစ်မြို့တော်ဧရိယာမှာ လျှပ်စစ်ဓာတ်အားပေးတဲ့ ကုမ္ပဏီ ၂ ခုထဲက Edesur ကုမ္ပဏီကို လိမ်လည်မှု၊ အလွဲသုံးစားလုပ်မှု၊ ပြည်သူတွေကို လျစ်လျူရှုမှုတို့နဲ့ စွဲချက်တင်မှာဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဂယ်ဘရီယယ်လာ ချဲရွတ်တီက ပြောပါတယ်။
လုပ်ငန်းဆက်လည်ပတ်ဖို့ အစိုးရဆီက ခွင့်ပြုချက် ရုပ်သိမ်းမသိမ်းကို အစိုးရက အကဲဖြတ်လိမ့်မယ်လို့လည်း ချဲရွတ်တီက ဆိုပါတယ်။
ဒေသခံတွေဟာ ကြာသပတေးနေ့က Edesur ကုမ္ပဏီရဲ့ အဆောက်အဦတွေ အပြင်ဘက်မှာ အိုးတွေကို ထုရိုက်တီးခတ်ပြီး လျှပ်စစ်မီးပြတ်တောက်မှုကို တုံ့ပြန်ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားနေတဲ့ကြားကပဲ ဇန်န၀ါရီလကတည်းက နိုင်ငံအတွင်း မီးပြတ်တောက်မှု အများအပြား ဖြစ်ပွားခဲ့ပါတယ်။