close

ကိုဆိုဗို၊ ဆာဘီးယား ခေါင်းဆောင်များနှင့် EU နိုင်ငံခြားရေးမှူဝါဒအကြီးအကဲ တွေ့ဆုံ

ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးမူဝါဒရေးရာ အကြီးအကဲ ဂျိုးဇက် ဘော်ရယ်ဟာ ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဗင် ကာတီ၊ ဆားဘီးယားသမ္မတ အလက်ဇန်းဒါး ဗူစီတို့နဲ့  မြောက်မက်ဆီဒိုးနီးယားနိုင်ငံမှာ မတ် ၁၈ ရက်က တွေ့ဆုံခဲ့ပါတယ်။ 

ဘယ်လ်ဂရိတ်နဲ့ ပရစ္စတီးနား နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေးဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အီးယူတာဝန်ရှိသူတွေနဲ့ အသစ်တွေ့ဆုံဆွေးနွေး တာတွေ စနေပါပြီ။

အစောပိုင်းမှာ ခေါင်းဆောင် နှစ်ဦးဟာ မြောက်မက်ဆီဒိုးနီးယားက အောရစ်ဒ် ရေကန်ဘေးမှာ ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း ဘော်ရယ်နဲ့ သီးခြားတွေ့ဆုံခဲ့ပါတယ်။ 

အနောက်တိုင်း ကျောထောက် နောက်ခံပြုထားတဲ့ ကိုဆိုဗိုနဲ့ ဆားဘီးယားနိုင်ငံတို့  ဆက်ဆံရေး ပုံမှန်ဖြစ်စေရေးအတွက် အီးယူက စေ့စပ်ညှိနှိုင်းဆွေးနွေးနေတာ ၁၀ နှစ်နီးပါးကြာပြီးတဲ့နောက် တိုးတက်မှုနည်းနည်းပဲ ရှိခဲ့တာပါ။

ပြီးခဲ့တဲ့လကတော့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ သဘောတူညီချက် ရခဲ့ပါတယ်။ ဒါပေမယ့် စနေနေ့ ဆွေးနွေးမှုတွေရဲ့ အာရုံစိုက်ရမယ့် ဆုံချက်ဖြစ်လာမယ့် အစီအစဉ်ကို အကောင်အထည် ဖော်ရေး နောက်ဆက်တွဲအတွက် သဘောတူညီချက် ရဖို့တော့ လိုအပ်နေပါသေးတယ်။ 

Up