close

ဖားကန့်မြို့နယ်တွင် ကုန်စုံဆိုင်ပိုင်ရှင် ၁ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ မတ် ၁၈ ညနေပိုင်းက ကုန်စုံဆိုင်ပိုင်ရှင် တယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

အောဒီကုန်စုံဆိုင်ပိုင်ရှင် ဦးတင်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့ကတဖွဲ့က  နေအိမ်မှာရှိနေစဉ် လာဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ဒေသခံ ရွာသားတဦးက "ညနေပိုင်းလောက် ဆိုင်ထဲကို သေနတ်တွေနဲ့ ဝင်လာပြီး ဦးတင်ဌေးကို ဖမ်းသွားတာ။ ယူနီဖေါင်းတွေ ဘာတွေ မဝတ်ထားတော့ ဘယ်အဖွဲ့မှန်းလည်း မသိဘူး။ ဘာကြောင့် ဖမ်းတာလည်းမသိရဘူး" လို့ ပြောပါတယ်။

ဦးတင်ဌေးဟာ ကုန်စုံဆိုင်ဖွင့်လှစ်ထားပြီး ဆက်ဆံရေး ပြေပြစ်သူတစ်ဦးဖြစ်ကာ အဖွဲ့အစည်းတွေနဲ့လည်း ဆက်ဆံရေး ပြေလည်သူတစ်ယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ  မတ်လပိုင်းအတွင်း အဖမ်းဆီးတွေဆက်တိုက်ရှိနေပြီး  စစ်ကောင်စီက ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုရုံးမှာ အစည်းအဝေးပြုလုပ်နေတဲ့ ပြည်သူ အယောက် ၃၀ ကို ဖမ်းဆီးခဲ့သလို အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးရုံးကိုလည်း ဝင်ရောက်ဖျက်စီးကာ ရုံးစောင့် အမျိုးသား လူငယ်တစ်ဦးကို  ဖမ်းဆီးခဲ့ပါသေးတယ်။

Up