အမျိုးသမီးလိင်ပြောင်းကစားသမားများကို ပြိုင်ပွဲဝင်ခွင့်မပြုရန် ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ ဆုံးဖြတ်

ကမ္ဘာ့အဆင့်သတ်မှတ်မဲ့ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ အမျိုးသမီးလိင်ပြောင်းကစာသမား တွေကို ဝင်ပြိုင်ခွင့်မပြုဖို့ ပြေးခုန်ပစ်အဖွဲ့ချုပ်ကဆုံးဖြတ်လိုက်ပါတယ်။
အရင်စည်းမျဉ်းအရ အမျိုးသားကနေ အမျိုးသမီးလိင်ပြောင်းလဲထားတဲ့ အားကစားသမားတွေ အနေနဲ့ ပြိုင်ပွဲမတိုင်ခင် တစ်နှစ်အတွင်းမှာ အမျိုးသားဟော်မုန်း ပမာဏကို စစ်ဆေးပြီး 5nmol/L ထက်မများတဲ့ပမာဏရှိမှ ဝင်ပြိုင်ခွင့်ပြုခဲ့တာပါ။
လက်ရှိအချိန်မျာတော့ လိင်ပြောင်းအမျိုးသမီးတွေနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ ဆေးပညာဆိုင်ရာစမ်းသပ်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်သေးတာကြောင့် ပြိုင်ပွဲဝင်ခွင့် မပြုသေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒီဆုံးဖြတ်ချက်ဟာ အမြဲတမ်းအတွက်မဟုတ်ဘဲ တချိန်မှာ ပြန်လည်ပြင်ဆင်နိုင်ကြောင်း၊ အမှန်တကယ် အမျိုးသမီး အားကစားသမားတွေအတွက် မျှတတဲ့ပြိုင်ပွဲဖြစ်စေဖို့ ရည်ရွယ်ကြောင်း ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ဥက္ကဋ္ဌ လော့ဒ်ကိုးက ပြောသွားပါတယ်။