close

တောင်ပံတိုက်စစ်မှူး မူဒရစ်ကို စိတ်ရှည်ပေးရန် ချဲလ်ဆီးကို ရှက်ဖ်ချန်ကို တိုက်တွန်း

တောင်ပံတိုက်စစ်မှူး မက်ခိုင်လိုမူဒရစ်ကို စိတ်ရှည်ပေးဖို့  ချဲလ်ဆီးအသင်းကို ယူကရိန်းတိုက်စစ် မှူးဟောင်းရှက်ဖ်ချန်ကိုက တိုက်တွန်းသွားပါတယ်။ 

ယူကရိန်းလက်ရွေးစင် မူဒရစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က ရှက်တာဒိုးညက်ခ် အသင်းကနေ ပေါင် ၈၉ သန်းနဲ့  ပြောင်းရွှေ့လာခဲ့တာပါ။ 

ဈေးကြီးပေးခေါ်ခဲ့ရပေမဲ့ ချဲလ်ဆီးအသင်းအတွက် ပထမဆုံးဂိုးသွင်းပြနိုင်ဖို့ ခက်ခဲနေပြီး ပွဲထွက်ခွင့်အတွက်ပါ အခက်အခဲရှိနေတာပါ။ 

မူဒရစ်ဟာ ကြီးမားတဲ့ဘောလုံးအသိုက်အဝန်း လမ်းကြောင်းတစ်ခုထဲကို စတင်ဝင်ရောက် လာနေဆဲဖြစ်ပြီး ချဲလ်ဆီးအသင်းအနေနဲ့ အချိန်ပေးစိတ်ရှည်ဖို့လိုကြောင်း ရှက်ဖ်ချင်ကိုက ပြောပါတယ်။ 

ရှက်ဖ်ချန်ကိုဟာ ချဲလ်ဆီးကစားသမားဟောင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်က အေစီမီလန်ကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ 

Up