close

စပိန်တွင်တောမီးကြောင့် အနီးနားကျေးရွာသားများ ပြောင်းရွှေ့

စပိန်နိုင်ငံရဲ့ ဗီလန်နွဲဗာဒီဗီဗာမြူနီစီပယ်ဒေသက တောမီးလောင်ကျွမ်းနေတဲ့ နေရာအနီးရှိ ကျေးရွာတွေက ဒေသခံတွေဟာ ချိုင့်ဝှမ်းဒေသရဲ့လမ်းကျဉ်းတွေပေါ်မှာ ညတွင်းချင်း ရွှေ့ပြောင်း ရမှာကို စိုးရိမ်ပြီး တရားဝင်ညွှန်ကြားလွှာ ထွက်မလာသေးခင် မတ် ၂၃ ရက်ပဲ နေရာ ပြောင်းရွှေ့နေကြပါတယ်။

မီးသတ်သမားတွေဟာ ဗလင်စီယာဒေသရှိ  ဗီလန်နွဲဗာ ဒီဗီဗာအနီးမှာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မထိုးခင်လေးမှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရှိခဲ့ပါတယ်။ 

အာရာဂွန်နဲ့ ဗလင်စီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေအကြား မီးက အရှိန်ပြင်းလာတာ ကြောင့် တခြားသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ရပါတယ်။ 

အရေးပေါ်ဌာနတွေကတော့ သူတို့မှာ လူပေါင်း ၆၀၀ အတွက် ခိုလှုံရာနေရာနဲ့ ကွင်းဆင်း ဆေးရုံတစ်ခုကို ထူထောင်ထားကြောင်း ပြောပါတယ်။ 

ဒေသခံတချို့ကတော့ ဂေဟဗေဒ ကပ်ဘေးဖြစ်စေတဲ့ အချက်တွေထဲမှာ ကြိုတင်တားဆီး ကာကွယ်မှု လုပ်ဖို့အပိုင်း အားနည်းခဲ့တယ်လို့ ဝေဖန်ပြစ်တင်နေကြပါတယ်။ 

ဒါဟာ သစ်တောတွေကို စွန့်ပစ်ခဲ့လို့ ဖြစ်လာရတဲ့ အကြောင်းရင်းပဲလို့ အာရာဂွန်ဒေသမှ ဒေသခံတစ်ဦးက ရွာကနေ မထွက်ခွာခင်မှာ ပြောသွားပါတယ်။ 

မီးလောင်မှုကြောင့် မြေဧက ၁,၀၀၀ ကျော် မီးလောင်ခဲ့ကြောင်း အရေးပေါ် ဝန်ဆောင်မှုဌာနက ပြောပါတယ်။ 

မီးသတ်လေယာဉ် ၁၅ စီးလောက်မီးငြှိမ်းသတ်ခဲ့ရပြီး ကျေးရွာတချို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ရကြောင်း သိရပါတယ်။ လူပေါင်း ၁၀၀၀ ကျော် နေအိမ်တွေကို စွန့်ခွာခဲ့ ကြရကြောင်း ကာဒေးနာဆရ် ရေဒီယိုဌာနက အစီရင်ခံခဲ့ပါတယ်။ 

Up