close

မက်ဆီပြန်လာပါက တံခါးဖွင့်ထားဟု ဘာစီလိုနာအသင်းဥက္ကဋ္ဌ ပြော

ဘာစီလိုနာအသင်းဆီကို လီယွန်နယ်မက်ဆီ ပြန်လာမယ်ဆိုရင် တံခါးဖွင့်ထားကြောင်း အသင်းဥက္ကဋ္ဌ လာပေါ်တေးက ပြောပါတယ်။ 

မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြန့်ကြာနေပြီး အဆင်မပြေခဲ့ဘူးဆိုရင် ဘာစီလိုနာက ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ 

မက်ဆီဟာ ဘောလုံးသမိုင်းရဲ့ အကြီးကျယ်ဆုံးကစားသမားဖြစ်သလို ဘာစီလိုနာသမိုင်းမှာလည်း အရေးကြီးဆုံး ကစားသမားဖြစ်တယ်လို့ ဥက္ကဋ္ဌလာပေါ်တေးက ပြောပါတယ်။ 

မက်ဆီရဲ့ အပြောင်းအရွှေ့အကြောင်း ပြောတဲ့အခါမှာ ပီအက်စ်ဂျီအသင်းကို လေးစားမှု ရှိရမှာဖြစ်ကြောင်း၊ မက်ဆီကို ထွက်ခွာခွင့်ပေးခဲ့ရတဲ့ ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှု မရှိတာကြောင့် မက်ဆီနဲ့ ဘာစီလိုနာဆက်ဆံရေး ပြန်လည်တိုးတက် ကောင်းမွန်လာဖို့ နည်းလမ်းရှာနေကြောင်း လာပေါ်တေးက ပြောပါတယ်။ 

ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရုံသာရှိပြီး မက်ဆီအတွက်တော့ ဘာစီလိုနာအသင်းက အမြဲတမ်း တံခါးဖွင့်ထားကြောင်း အသင်းဥက္ကဋ္ဌလာပေါ်တေးက ပြောပါတယ်။ 

Up