close

သံသယဖြစ်စရာ ကြက်သားဟင်းကြောင့် ပြင်သစ်နှင့်ပွဲ ဟော်လန်ကစားသမားများလွဲချော်

ဟော်လန်ကစားသမားတွေဟာ ပြင်သစ်နဲ့ပွဲမတိုင်ခင်မှာ ကြက်သားဟင်းစားမိရာကနေ ဗိုင်းရပ်စ် တမျိုးဝင်ရောက်ပြီး အသင်းလူစာရင်းမှာ ပါဝင်ခွင့်မရခဲ့ကြပါဘူး။

အဲဒီပွဲမှာ ပြင်သစ်က ၄ ဂိုး ဂိုး မရှိနဲ့ဂိုးပြတ် အနိုင်ရခဲ့ပြီး ဟော်လန်ကစားသမား ၅ ဦး လောက်က ကြက်သားဟင်းစားမိရာကနေ ဗိုင်းရပ်စ်ပိုးဝင်ပြီး ဖျားနာခဲ့ကြတာဖြစ်ကြောင်း ဒက်ချ်သတင်းစာ တွေက ဖော်ပြခဲ့ကြပါတယ်။ 

ပြင်သစ်နဲ့ပွဲမှာ  တိုက်စစ်မှူး ဂတ်ပိုအပါအဝင် နောက်ခံလူတွေဖြစ်တဲ့ ဒီလစ်နဲ့ ဘော့မန်၊ ဂျိုယေးဗီယာမန်နဲ့ ဗာဘရက်ဂျင်တို့ဟာ ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် ပါဝင်ကစားခွင့် မရခဲ့ကြတာပါ။ 

ဒါ့အပြင် ဖရန့်ကီဒီယောင်၊ ဘာ့ချ်ဝင် အစရှိတဲ့ကစားသမားတွေဟာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သလို အားထားရတဲ့ နောက်ခံလူ ဒမ်ဖရိုင်းစ်ဟာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့ရတာပါ။

ဒက်ချ်သတင်းစာ ဒီတယ်လီဂရပ်ဖ်ကတော့ ဟော်လန်ကစားသမား ၅ ဦး လွဲချော်ခဲ့တာဟာ ပြင်သစ်နဲ့ပွဲမတိုင်ခင် နှစ်ည အလိုမှာ သံသယဖြစ်စရာကောင်းတဲ့ ကြက်သားဟင်း စားခဲ့ရာကနေ ဗိုင်းရပ်စ်ပိုးဝင်ပြီး ဖျားနာခဲ့ကြတာလို့ ဖော်ပြခဲ့ပါတယ်။ 

Up