close

မက်ဆီနှင့် အမ်ဘာပေကို ဆက်ထိန်းထားရန် ပီအက်စ်ဂျီအသင်း ဘာမဆိုလုပ်ဆောင်မည်

တိုက်စစ်မှူး မက်ဆီနဲ့ အမ်ဘာပေတို့ကို အသင်းမှာ ဆက်ထိန်းဖို့အတွက် ဘာမဆိုလုပ်ဆောင်သွားမယ်လို့ ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ နာဆာအယ်လ်ခယ်လီဖီက ပြောပါတယ်။

မက်ဆီဟာ အခုနှစ်ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အမ်ဘာပေဟာလည်း  တစ်နှစ်သက်တမ်းသာ ကျန်ရှိတော့တာပါ။

မက်ဆီနဲ့ အမ်ဘာပေတို့လို ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦး အသင်းမှာရှိ နေတာက ကံကောင်းမှုတစ်ခုဖြစ်ပြီး သူတို့ကို တခြားအသင်းတွေက ကမ်းလှမ်းတာရှိပေမဲ့ ပီအက်စ်ဂျီ အတွက်ပဲ ကစားပေးချင်တဲ့သူတွေဖြစ်တယ်လို့ ဥက္ကဋ္ဌ အယ်လ်ခယ်လီဖီက ပြောပါတယ်။

သူတို့ နှစ်ဦး ကို ဆက်ထိန်းနိုင်ဖို့ လုပ်ဆောင်နေပြီး အမှားအယွင်းအဖြစ်ခံလို့ မရနိုင်ကြောင်းနဲ့ သူတို့ကို ဆက်ထိန်းဖို့ ဘာမဆိုလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌက ပြောသွားခဲ့ပါတယ်။

Up