close

လီဗာပူးမှ ထွက်ခွာမည့် ချိန်ဘာလိန်ကို ပရီးမီးယားလိဂ် ၃ သင်း အပြိုင်ကမ်းလှမ်း

ခုနှစ်ရာသီအကုန်မှာ လီဗာပူးကနေ ထွက်ခွာတော့မယ့် တောင်ပံတိုက်စစ်မှူး ချိန်ဘာလိန်ကို ပရီးမီးယားလိဂ်အသင်းတွေက အပြိုင်ကမ်းလှမ်းဖို့ပြင်ဆင်နေပါတယ်။

အင်္ဂလန် လက်ရွေးစင်ဟောင်းဟာ အခုနှစ်ရာသီအကုန်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့လည်း မရှိတော့တာပါ။

သူဟာ အခုနှစ်ရာသီမှာ လီဗာပူးအတွက် ၁၂ ပွဲသာ ကစားခွင့်ရခဲ့ပြီး အရန်ခုံထိုင်ရတဲ့ပွဲတွေက အများစုဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိ တောင်ပံတိုက်စစ်မှူးကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့  အက်စ်တွန်ဗီလာ၊ နယူးကာဆယ်နဲ့ ဘရိုက်တန်အသင်းတွေက ခေါ်ယူလိုနေပြီး အီတလီ ကလပ်တွေကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ချိန်ဘာလိန်ဟာ ဆောက်သမ်တန်လူငယ် အသင်းကနေ ပေါ်ထွက်လာသူဖြစ်ပြီး အာဆင်နယ်မှာ ၆ နှစ်ကြာကစားခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်က လီဗာပူးအသင်းဆီပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။

Up