ရုရှားပစ်ခတ်မှုကြောင့် ယူကရိန်းအရပ်သား ၆ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ကိုစတီယံတီနျူကာမြို့ကို ရုရှားကပစ်ခတ်လို့ ဧပြီ ၂ ရက် မနက်ပိုင်းက အရပ်သား ခြောက်ယောက် သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း အကြီးတန်းအရာရှိတဦးက ပြောပါတယ်။
စစ်မဖြစ်မီက လူ ၇၀,၀၀၀ လောက်နေတဲ့ ကိုစတီယံတီနျူကာမြို့ကို ရုရှားတပ်တွေက သိမ်းပိုက်ဖို့ ကြိုးစားနေတာပါ။
ဒီမြို့ဟာ အနည်းဆုံး ရှစ်လကြာ တိုက်ပွဲတွေဖြစ်ပွားရာ ဗဟိုချက်ဖြစ်တဲ့ ဘတ်ခ်မွတ်မြို့ရဲ့ အနောက်ဘက် ၁၂ မိုင်ခွဲအကွာမှာ ရှိပါတယ်။
တိုက်ခန်းတွဲအဆောက်အအုံ ၁၆ လုံး၊ ကိုယ်ပိုင်အိမ် ၈ လုံး၊ မူကြိုကျောင်းနဲ့ စီမံခန့်ခွဲရေး အဆောက်အအုံတခုတို့ပျက်စီးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးရဲ့ စစ်ဦးစီး အရာရှိချုပ်ရုံး အကြီးအကဲ အန်ဒရေယာမတ်ခ်က တယ်လီဂရမ် လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။ အသေအပျောက်အရေအတွက်ကို ရိုက်တာသတင်းဌာနက သီးခြား အတည်မပြုနိုင်သေးပါဘူး။