ချားလ်စ်ဘုရင် နန်းတက်ပွဲဖိတ်စာ အနုပညာလက်ရာပန်းချီ ထုတ်ပြန်

ဗြိတိန်နိုင်ငံ ဘက်ကင်ဟမ်နန်းတော်ဟာ မေ ၆ ရက်နေ့မှာ ကျင်းပမယ့် ချားလ်စ်ဘုရင် နန်းတက်ပွဲအတွက် ဖိတ်ကြားစား အနုပညာလက်ရာပန်းချီကို ဧပြီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ပုံစံထုတ်ထားတဲ့ ဖိတ်စာ အနုပညာလက်ရာကို ရိုးရာပန်းချီပညာရှင် အန်ဒရူး ဂျမေဆန်က ရေဆေးရောင်နဲ့ သဘာဝဆိုးဆေးတို့ကို သုံးပြီး လက်နဲ့ ခြယ်မှုန်းထားတာပါ။
ဗြိတိန်ရိုးရာပုံပြင်က ရှေးခေတ်ရုပ်သဏ္ဌာန်ဖြစ်တဲ့ Green Man ရဲ့ ပန်းချီလက်ရာကို ပြသထားပါတယ်။ ဖိတ်စာမှာ ကတ်ပြားတွေကို ပြန်သုံးထားတဲ့ ပန်းပွင့်တွေပါပြီး ချားလ်စ်ဘုရင်၊ ခြင်္သေ့တကောင်၊ ကြံ့တကောင်နဲ့ ဝက်ထီးတကောင်တို့ ပါဝင်မှာပါ။ ဒီဖိတ်စာကို နန်းတက်ပွဲကို တက်ရောက်မယ့် ဧည့်သည် ၂,၀၀၀ ကျော်ဆီ ပေးပို့မှာ ဖြစ်ပါတယ်။
ချားလ်စ်ဘုရင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ အတွင်း အင်္ဂလိပ်နဲ့ ဗြိတိသျှဘုရင်တွေအတွက် နန်းတက်ပွဲတွေ ကျင်းပခဲ့တဲ့ ဝက်စ်မင်စတာ ခရစ်ယာန်ကျောင်းတိုက်မှာ မေ ၆ ရက်ကျရင် သရဖူဆောင်းမှာ ဖြစ်ပါတယ်။
မကြာသေးမီက ချားလ်စ်ဘုရင်ဟာ ဂျာမနီနိုင်ငံဆီ ဘုရင်အဖြစ် ပထမဆုံး နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့ပြီး ဘာလင်မြို့တော်မှာ စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုကြိုဆိုမှုတွေကို လက်ခံခဲ့သလို ဂျာမန် အောက်လွှတ်တော်မှာလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။