ထိုင်ဝမ်ကို စစ်လက်နက် ဆက်ရောင်းမည်ဟု အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ပြော

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက်ကာသီက သူ အပါအဝင် နိုင်ငံရဲ့ အဓိကပါတီ ၂ ခုစလုံးကဥပဒေပြုအမတ်တွေဟာ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်နဲ့ အလွန်အကျိုးရှိတဲ့ ဆွေးနွေးမှုတခု လုပ်ဆောင်ခဲ့ကြောင်း ဧပြီလ ၅ ရက်က တရားဝင် ပြောကြားပါတယ်။
အမေရိကန်အနေနဲ့ ထိုင်ဝမ်အတွက် လက်နက်ရောင်းချမှုကို သေချာပေါက် ဆက်လက်ဆောင်ရွက်မှာဖြစ်သလို ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာအပြင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုပါ ပိုမိုအားကောင်းလာစေရမယ်ဆိုပြီး မက်ကာသီက မှတ်ချက်ပေးပါတယ်။
ဝါရှင်တန်ရဲ့ ထိုင်ဝမ်အပေါ် ထောက်ခံမှုဟာလည်း မယိမ်းမယိုင်ဘဲ ခိုင်မာနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ လက်တုံ့ပြန်မှာဖြစ်ကြောင်း ခြိမ်းခြောက်ထားပေမဲ့လည်း မက်ကာသီဟာ ၁၉၇၉ ခုနှစ်နောက်ပိုင်း အမေရိကန်မြေပေါ်မှာ ထိုင်ဝမ်ခေါင်းဆောင်တဦးနဲ့ တွေ့ဆုံတဲ့ ရာထူးအကြီးဆုံး တာဝန်ရှိသူတဦး ဖြစ်လာခဲ့ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ဟာ သူပိုင်နယ်မြေဖြစ်တယ်လို့ တရုတ်ပြည်မကြီးရဲ့ အခိုင်အမာ ပြောဆိုချက်အပေါ်မှာ ထိုင်ဝမ်ဘက်က ပြန်လည်ငြင်းဆန်ထားပါတယ်။