close

ရေရှည်မှာ တိုက်စစ် ဘယ်နေရာမှာကစားရမလဲဆိုတာ မသိရှိကြောင်း ဂတ်ပိုပြော

ရေရှည်အစီအစဉ်မှာ တိုက်စစ်ဘယ်နေရာမှာကစားရမလဲဆိုတာ မသိရှိကြောင်း လီဗာပူး တိုက်စစ်ကစားသမား ဂတ်ပိုကပြောပါတယ်။

ဟော်လန်တိုက်စစ်မှူးဟာ ပွဲစဉ်တိုင်းလိုလိုမှာ ဗဟိုတိုက်စစ်မှူးနေရာမှာ ကစားနေရပေမဲ့ ရေရှည်အစီအစဉ်မှာတော့ နည်းပြယာဂန်ကလော့ပ်ကသာ သိရှိနိုင်ကြောင်း ဂတ်ပိုက ပြောပါတယ်။

ဗဟိုတိုက်စစ်မှူးနေရာမှာကစားရတာက အလေ့အကျင့်တောင်ဖြစ်နေပေမဲ့ ရေရှည်အစီအစဉ်မှာ ဘယ်နေရာမှာကစားရမလဲဆိုတာကတော့ နည်းပြ ယာဂန်ကလော့ပ်ကိုသာ မေးမြန်းသင့်ကြောင်း ဂတ်ပိုက ပြောပါတယ်။

ဂတ်ပိုဟာ  တိုက်စစ်မှူးနေရာအပြင် ဘယ်တောင်ပံနဲ့ နောက်ချန်တိုက်စစ်မှူး နေရာတွေမှာလည်း ကစားနိုင်ပါတယ်။

သူဟာ အသင်းကို စတင်ရောက်ရှိချိန်မှာရုန်းကန်ခဲ့ရပြီး ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ ၄ ဂိုးသွင်းခဲ့ပေမဲ့ နောက်ဆုံးလေးပွဲ ဆက်တိုက်ဂိုးပေါက်ပျောက်ဆုံးခဲ့ပြန်ပါတယ်။

Up