ကနေဒါတွင် ပြင်းထန်သည့် ရေခဲမုန်တိုင်းတိုက်ခတ်ပြီး လျှပ်စစ်မီးပြတ်တောက်

ကနေဒါနိုင်ငံမှာ ပြင်းထန်တဲ့ ရေခဲမုန်တိုင်းတခု တိုက်ခတ်ခဲ့ပြီး လူ ၁ သန်းကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရတဲ့ ကွီးဘက်ဒေသကို ထောက်ပံ့ကူညီပေးမယ်လို့ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက ဧပြီ ၆ ရက်မှာ ကတိပြုခဲ့ပါတယ်။
ဝန်ကြီးချုပ် ထရူးဒိုးဟာ နေထိုင်သူတွေအတွက် “အလွန်ခက်ခဲတဲ့ အခိုက်အတန့်ကာလ” ကို အသိအမှတ်ပြုကြောင်း ပြောကြားပြီး အော်တာဝါဟာ မွန်ထရီယယ်လ်နဲ့ ကွီးဘက်ရှိ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ကူညီဖို့ အသင့်ရှိနေကြောင်းလည်း ပြောပါတယ်။
ကနေဒါနိုင်ငံ ကွီးဘက်ပြည်နယ်တောင်ပိုင်းမှာ ဧပြီ ၅ ရက်က မုန်တိုင်းဝင်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေပြိုလဲကာ မော်တော်ယာဉ်တွေ ပျက်စီးပြီး လမ်းတွေလည်း ပြတ်တောက်ခဲ့ပါတယ်။
လျှပ်စစ်မီးပြတ်တောက်မှု အများစုမှာ မုန်တိုင်းအတွင်း သစ်ပင်တွေ ပြိုလဲတာကြောင့် ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အာဏာပိုင်တွေဟာ နေထိုင်သူ အများစုအတွက် ၂၄ နာရီအတွင်း ဓာတ်အားပြန်ရဖို့ မျှော်လင့်ထားပါတယ်။