close

ဆမ်ဆောင်းကုမ္ပဏီ အမြတ်ငွေ ၉၆ ရာခိုင်နှုန်းအထိ ကျဆင်း

ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီရဲ့ ပထမသုံးလပတ်ကာလအတွင်း လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမြတ်ငွေဟာ ဧပြီ ၇ ရက်မှာ ၉၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။

ဒီအတိုင်းအတာဟာ လေ့လာအကဲခတ်သူတွေ ခန့်မှန်ထားတာထက် ပိုမိုဆိုးရွားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီပွားရေးနှေးကွေးလာတာနဲ့အမျှ ဝယ်ယူမှုတွေလည်း နည်းပါးလာခဲ့သလို ချစ်ပ်ပြား ပိုလျှံမှုကလည်း ပိုမိုဆိုးရွားလာတာကြောင့် ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံက ကမ္ဘာ့အကြီးမားဆုံး မန်မိုရီချစ်ပ်နဲ့ တီဗီထုတ်လုပ်ရေး ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမြတ်ငွေဟာ ဇန်နဝါရီလကနေ မတ်လအတွင်း ဝမ်ငွေ ၆၀၀ ဘီလီယံသာ ရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဝမ်ငွေ ၁၄ ဒသမ ၁၂ ဘီလီယံအထိ ရရှိခဲ့တယ်လို့ ကာလတို ပဏာမရငွေဆိုင်ရာ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရီဖင်းနတစ်ဗ် ဘဏ္ဍာရေးအချက်အလက်ဆိုင်ရာ ကုမ္ပဏီက လေ့လာသုံးသပ်သူတွေရဲ့  ခန့်မှန်းချက်ထဲမှာ ဝမ်ငွေ ၈၇၃ ဘီလံယံအထိ အမြတ်ငွေ လျော့နည်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဒီတပတ်အစောပိုင်းမှာ ခန့်မှန်းချက် အများအပြားကို ပြန်လည် ပြင်ဆင်ခဲ့ရပါတယ်။

ဆမ်ဆောင်းရဲ့ ဘဏ္ဍာငွေဟာ အရင်နှစ်ကာလတူတုန်းက ရရှိခဲ့တဲ့ ဝမ်ငွေ ၆၃ ထရီလီယံထက် ၁၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖွယ်ရှိကြောင်း ကုမ္ပဏီဘက်က ပြောကြားထားပါတယ်။

ဆမ်ဆောင်းကုမ္ပဏီအနေနဲ့ အစိတ်အပိုင်းလိုက် ခွဲခြမ်းစိတ်ဖြာမှု အပါအဝင် ရငွေဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ဒီလနှောင်းပိုင်းမှာ ထုတ်ပြန်သွားဖို့ ရှိပါတယ်။

Up