မောင်းသူမဲ့ ရေအောက်တိုက်ခိုက်ရေးဒရုန်း မြောက်ကိုရီးယား ထပ်မံစမ်းသပ်

မြောက်ကိုရီးယားဟာ နျူကလီးယားစွမ်းရည်ရှိ ရေအောက်တိုက်ခိုက်ရေး မောင်းသူမဲ့ ဒရုန်းယာဉ် ကို နောက်ထပ် စမ်းသပ်မှုပြုလုပ်ခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားကို ဆန့်ကျင်တဲ့ အင်အားပြ တဲ့ နောက်ဆုံးအကြိမ် ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဧပြီ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံပိုင် ရုပ်သံလိုင်း KRT မှ ထုတ်လွှင့်တဲ့ ဓာတ်ပုံတွေမှာ ရေထုရဲ့မျက်နှာပြင်တလျှောက် ဖြတ်သန်းသွားတဲ့ ဒရုန်းဟာ ရေအောက်ကို အပြည့်အဝရောက်သွားပြီး ပစ်မှတ်မှာ ပေါက်ကွဲသွား ပုံတွေကို ပြသခဲ့ပါတယ်။
ဧပြီ ၄ ရက်မှ ဧပြီ ၇ ရက်အထိ ရေအောက် ဗျူဟာမြောက် လက်နက်စနစ် စမ်းသပ်ကာလအတွင်း "ဟေးလ် တူး" လို့ ခေါ်တဲ့ ဒရုန်းဟာ ရေအောက် ကီလိုမီတာ ၁၀၀၀ အကွာအဝေးကို ၇၁ နာရီနဲ့ ၆ မိနစ်ကြာ ပျံသန်းခဲ့ကြောင်း KRT က ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ရေအောက်တိုက်ခိုက်ရေး ဒရုန်းစမ်းသပ်မှုအသစ်ဟာ ရန်သူ့ရေပိုင်နက် အတွင်း ခိုးဝင်တိုက်ခိုက်ဖို့ ဒီဇိုင်းထုတ်ခဲ့တဲ့ ကိုးရီးယားလို ဆူနာမီ လို့ အဓိပ္ပာယ်ရတဲ့ "ဟေးလ် ဝမ်း" အမည်ရှိ စနစ်တခုကို ပထမဆုံး ထုတ်ဖော်ပြီးနောက် တပတ်ကျော်အကြာမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။