အင်ဒိုနီးရှားတွင် နတ်ဆရာတဦး၏ခြံထဲ လူသေအလောင်းများတွေ့

အင်ဒိုနီးရှားရဲတပ်ဖွဲ့ဟာ နတ်ဆရာအဖြစ် အသက်မွေးတဲ့ အမျိုးသားတဦးရဲ့ ခြံဝင်းထဲမှာ လူသေ အလောင်းတွေကို တွေ့ရှိခဲ့ပြီးနောက်မှာ အဲဒီလူကို လူ ၁၂ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလအစောပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ လူသတ်မှုနဲ့ တရားစွဲခဲ့ပါတယ်။
အသက် ၄၅ နှစ်အရွယ် ဆလာမက် တိုဟာရီဟာ သူ့ဖောက်သည်တွေကို ငွေအမြောက်အမြား ပွားများအောင် အစီအရင်တွေသုံးပြီး လုပ်ပေးမယ်လို့ ကတိပေးခဲ့တာပါ။
တိုဟာရီက သူတို့ရဲ့ငွေတွေကို ရူပီယာ သန်း ၇၀ ကနေ ရူပီယာ ၅ ဘီလီယံအထိ ပွားပေးမယ်လို့ ကတိပြုထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
တိုဟာရီက ၂၀၂၀ ခုနှစ်မှာ သူ့ရဲ့ဖောက်သည်တွေကို သတ်ပစ်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။
နတ်ဆရာ တိုဟာရီ အဖမ်းမခံရခင်မှာ သေဆုံးသွားသူတွေထဲက တယောက်ဖြစ်တဲ့ အသက် ၅၄ နှစ်အရွယ် ပါယန်တိုဟာ တိုဟာရီဆီမှာ သူ့ပိုက်ဆံတွေကို ပြန်တောင်းဖို့ သွားရောက်ခဲ့ ပြီးနောက်မှာ သားဖြစ်သူက သူ့အဖေ ပျောက်ဆုံးနေကြောင်း သတင်းပေးပို့ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ နတ်ဆရာ တိုဟာရီ ဟာ ငွေအတုပြုလုပ်မှု ရာဇ၀တ်မှုတွေနဲ့ အကြိမ်ကြိမ် အဖမ်းခံရဖူးသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာလည်း ပီကာလွန်ဂန်မှာ ငွေအတုလုပ်တဲ့ အမှုနဲ့ပဲ ထောင်ချခံခဲ့ရကြောင်း သိရပါတယ်။