close

ဗီယက်မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု ဆိုးရွားနေ

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းမှာ ဆိုးရွားလှတဲ့ လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး ဧပြီ ၁၀ ရက်က မြို့လေထုအရည်အသွေးညွှန်းကိန်း(AQI)ဟာ ၁၆၁ အထိ  မြင့်တက်နေတာကြောင့် ကျန်မာရေးအရ ထိခိုက်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

ဟနွိုင်းမြို့ နေထိုင်သူတစ်ဦးဖြစ်တဲ့ ငုယင်အန်ဘတ်က" ဒီလို ကောင်းမွန်အေးမြလှတဲ့ ရာသီဥတုအောက်မှာတောင် လမ်းလျှောက်ထွက်ရတာက လုံခြုံမှုမရှိသလို ခံစားရတယ် "လို့ ဆိုပါတယ်။

ဟနွိုင်းမြို့လည်က နာမည်ကြီး ဟွမ်န်ကီယမ် ရေကန်မှာဆိုရင်လည်း မီးခိုးမြူတွေနဲ့ ဖုံးလွှမ်းနေတာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာ ဟနွိုင်းမြို့က PM 2.5 အရွယ်အစား လေထုအမှုန်ပါဝင်မှုဟာ အထိရှိနေတာကြောင့် ကမ္ဘာ့ကျန်းမားရေးအဖွဲ့ (WHO)ရဲ့ လေထုအရည် အသွေးဆိုင်ရာ နှစ်စဉ်အညွှန်းကိန်းတန်ဖိုးထက် ၁၇ ဆ ပိုမိုများပြားနေတာပါ။

ဟနွိုင်းမြို့မှာ ၈ သန်းကျော် အထိရှိတဲ့ စက်တပ်မော်တော်ယာဉ်တွေရဲ့ ဓာတ်ငွေ့ထုတ်လုပ်မှုကြောင့် အခုလို လေထု အရည်အသွေး ဆိုးရွားနေတာဖြစ်သလို စိုက်ပျိုးခင်းတွေကို မီးရှို့မှုကြောင့်လည်း ဖြစ်တယ်လို့ ဆွစ်ဇာလန် ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ IQAir အရ  သိရပါတယ်။ I

Up