close

ဗယ်ဗာဒီနှင့် ပြဿနာတက်နောက် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရဟု ဗီလာရီးရဲလ် ကွင်းလယ်ကစားသမား ဘယ်နာပြော

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဗယ်ဗာဒီနဲ့ပြဿနာဖြစ်ခဲ့ပြီးနောက်မှာ အသက်အန္တရာယ်ခြိမ်းခြောက် ခံရမှုတွေရှိနေကြောင်း ဗီလာရီးရဲလ်ကွင်းလယ်ကစားသမား အဲလက်စ်ဘယ်နာက ပြောပါတယ်။ 

ဘယ်နာဟာ ရီးရဲလ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ရတဲ့ပွဲစဉ်အပြီး အသင်းဘက်စ်ကားဆီသွားရောက်ရာလမ်းမှာ ဗယ်ဗာဒီရဲ့ ထိုးကြိတ်ခြင်းခံခဲ့ရတာပါ။ 

သူဟာ ဗယ်ဗာဒီရဲ့ဇနီးဖြစ်သူ ကလေးမမွေးနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး လှောင်ပြောင်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမဲ့ ဗယ်ဗာဒီကိုယ်တိုင် အတည်ပြု ထားခြင်းမရှိသလို ဘယ်နာကလည်း အဲဒီလိုပြောဆိုတာမရှိ ကြောင်းငြင်းဆန်ထားပါတယ်။ 

ဘယ်နာဟာ မျက်နှာကို လက်သီးနဲ့ ထိုးကြိတ်ခံရမှုအတွက် ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပြီး စုံစမ်း စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

အဲဒီအချိန်အတွင်းမှာ ဘယ်နာနဲ့ သူ့ရဲ့မိသားစုကို အသက်အန္တရာယ် ခြိမ်းခြောက်တဲ့စာတိုတွေ အများကြီးလက်ခံရရှိခဲ့တာပါ။ ရီးရဲလ်အသင်းဘက်ကတော့ ဗယ်ဗာဒီရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Up