အီစတာပွဲတော်အထိမ်းအမှတ် ယူကရိန်းစစ်သုံ့ပန်း ၁၀၀ ခန့်ကို ရုရှားကြေးစားတပ်က ပြန်လွှတ်

ရုရှားရဲ့ သြဇာအကြီးဆုံး ကြေးစားစစ်တပ် ဝဂ္ဂနာဟာ အော်သိုဒေါ့က်စ် အီစတာပွဲတော် အထိမ်းအမှတ်အဖြစ် ယူကရိန်း စစ်သုံ့ပန်း အနည်းဆုံး အယောက် ၁၀၀ လောက်ကို ယူကရိန်းစစ်တပ်ဆီ ပြန်ပို့ခဲ့တယ်လို့ အဖွဲ့တည်ထောင်သူ ယက်ဗ်ဂျေညီ ပရီဂေါ့ရှင်က ပြောပါတယ်။
"သူတို့အားလုံးကိုပြင်ဆင်ပါ၊ အစာနဲ့ရေပေးပါ၊ ဒဏ်ရာရသူတွေကိုစစ်ဆေးပါ"လို့ ပရီဂေါ့ရှင်က သူ့ရဲ့ တယ်လီဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ပြောပါတယ်။
အဲဒီနောက် အီစတာအထိမ်းအမှတ်အဖြစ် ယူကရိန်းအကျဉ်းသားတစ်စုကို ယူကရိန်းတပ်ဖွဲ့တွေဆီ ပြန်လွှဲပြောင်းပေးမယ်လို့ ပြောပါတယ်။
"မင်း ငါတို့လက်ထဲကို ပြန်မရောက်ဖို့ ငါမျှော်လင့်ပါတယ်"လို့ ဝဂ္ဂနာက စစ်သားတစ်ဦးက ယူကရိန်းသုံ့ပန်းတွေကို ထရပ်ကားပေါ် မတက်ခိုင်းခင် ပြောတာကို ကြားရပါတယ်။
တချို့က ထော့နဲ့ထော့နဲ့၊ တချို့ရဲဘော်တွေက ထမ်းစင်ပေါ်မှာ တင်လာတဲ့ စုစုပေါင်း လူ ၁၀၀ ကျော်ကို အလံဖြူကို တပ်ထားတဲ့ တင့်ကားပေါ်မှာ ရပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှံ့လမ်းတလျှောက် လမ်းကြောင်း ပြသခဲ့ပါတယ်။
ယူကရိန်း စစ်သုံ့ပန်း ၁၃၀ ပြန်လွှတ်လာခဲ့ပြီး အိမ်သို့ ပြန်လာခဲ့ပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ စစ်ဦးစီးချုပ် အန်ဒရေ ယာမတ်ခ်ကလည်း အတည်ပြုပြောကြားခဲ့သည်။ အကျဉ်းသားလဲလှယ်မှုမှာ ရုရှားနိုင်ငံသား သုံ့ပန်းအရေအတွက် ဘယ်လောက် ပြန်ပို့ခံရသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။