ဟာရီကိန်းဟာ အသက်ကြီးလွန်းသလို ဈေးလည်းကြီးလွန်းကြောင်း လိုသာမက်သီးယက်စ် သုံးသပ်

74
စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ အသက်ကြီးလွန်းသလို ဈေးလည်းကြီးလွန်းကြောင်း ဘိုင်ယန်ဂန္ထဝင် လိုသာမက်သီးယက်စ်က သုံးသပ်သွားပါတယ်။
လာမယ့်ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းက တိုက်စစ်မှူးတဦး မဖြစ်မနေ ခေါ်ယူသွားဖို့ရှိရာမှာ အသင်းဂန္ထဝင် မက်သီးယက်စ်က သုံးသပ်သွားခဲ့တာပါ။
အသက် ၃၀ ပြည့်တော့မယ့် ဟာရီကိန်းအတွက် ပေါင်သန်း ၁၀၀ ပေးရမယ်ဆိုတာ လုံးဝမတန်တဲ့ဈေးဖြစ်ပြီး နာပိုလီတိုက်စစ်မှူး အိုဆင်ဟမ်ကတော့ အဆင်ပြေနိုင်ကြောင်း မက်သီးယက်စ်က ပြောပါတယ်။
ဒါပေမဲ့ ဈေးနှုန်းအရ စွမ်းဆောင်နိုင်မယ့် တိုက်စစ်မှူးကတော့ ဝါဒါဘရီမင်တိုက်စစ်မှူး နီကလပ်ဖူးခရက်ချ်ဖြစ်ပြီး ပေါင်သန်း ၂၀ လောက်နဲ့ တရာသီမှာ ၂၅ ဂိုးလောက်တော့ သွင်းယူပေးနိုင်လိမ့်မယ်လို့ လိုသာမက်သီးယက်စ်က သုံးသပ်သွားပါတယ်။