close

အာဆင်နယ် ချန်ပီယံမဖြစ်ခဲ့ပါက ဆာကာ ပင်နယ်တီလွဲမှုက အမှတ်တရဖြစ်လိမ့်မည်ဟု ဒေးဗစ်ဆီးမင်း ပြော

အာဆင်နယ်အသင်း အခုနှစ် ချန်ပီယံမဖြစ်ခဲ့ရင် ဝက်စ်ဟမ်းနဲ့ပွဲမှာ ဆာကာ ပင်နယ်တီမဝင်ခဲ့တာက အမှတ်ရစရာ အခိုက်အတန့် ဖြစ်စေလိမ့်မယ်လို့ ဂိုးသမားဟောင်း ဒေးဗစ်ဆီးမင်းက ပြောပါတယ်။

အာဆင်နယ်ဟာ အဲဒီပွဲစဉ်မှာ ပင်နယ်တီရခဲ့ပြီး ဝင်အောင်ကန်သွင်းနိုင်ခဲ့မယ်ဆိုရင် ၃ ဂိုး ၁ ဂိုး ရလဒ်နဲ့ ဦးဆောင်နိုင်မှာဖြစ်ပေမဲ့ လွဲချော်ခဲ့တာပါ။

အဲဒီနောက် မိနစ်ပိုင်းအတွင်းမှာပဲ ဝက်စ်ဟမ်းက ချေပဂိုးရသွားပြီး ၂ ဂိုးစီ သရေကျခဲ့ရတာပါ။ ဆာကာအနေနဲ့ ပင်နယ်တီမဝင်ခဲ့တာက အလှည့်အပြောင်းဖြစ်ခဲ့ပြီး ချန်ပီယံသာ မဖြစ်ခဲ့ဘူးဆိုရင် အမှတ်ရစရာ အခိုက်အတန့်တခုအနေနဲ့ ပြန်လည်သတိရနေကြလိမ့်မယ်လို့ ဂိုးသမားဟောင်း ဆီးမင်းက ပြောပါတယ်။

ဒါပေမဲ့ ချန်ပီယံမျှော်လင့်ချက်က ပြီးဆုံးသွားတာမဟုတ်ဘဲ အာဆင်နယ်အသင်း ရယူနိုင်ဖို့ အခွင့်အရေး ရှိနေဆဲဖြစ်ကြောင်း ဒေးဗစ်ဆီးမင်းက ပြောသွားပါတယ်။

Up