close

တောင်ကိုရီးယား ကေပေါ့ပ် BTS အဖွဲ့ဝင် ဂျေဟုပ် စစ်မှုထမ်းဆောင်

တောင်ကိုရီးယားနိုင်ငံက ဂရမ်မီဆုဆန်ကာတင်စာရင်းဝင် ကေပေါ့ပ်ဂီတအဖွဲ့တခုဖြစ်တဲ့ BTS အဖွဲ့ဝင်ဖြစ်သူ ဂျေဟုပ်ဟာ ဧပြီ ၁၈ ရက်မှာ စစ်မှုထမ်းဆောင်သွားပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ နောက်ထပ် BTS အဖွဲ့ဝင်ဖြစ်သူ ဂျင် ပြီးနောက် ဂျေဟုပ်က ဒုတိယမြောက် ဖြစ်လာခဲ့တာပါ။

ဆိုးလ်မြို့ကနေ ၅၄ မိုင်အကွာမှာရှိတဲ့ ဝန်ဂျူမြို့က စစ်မှုထမ်းအခမ်းအနား ကျင်းပရာနေရာကို ဂျေဟုပ်က ဗင်ကားတစီးနဲ့ တိတ်တဆိတ်သွားရောက်ခဲ့တယ်ဆိုပြီး ယွန်ဟပ် သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

ဂျေဟုပ်ရဲ့ အမည်ရင်းဖြစ်တဲ့ ဂျွန်ဟိုဆော့က “ကျနော် ပြန်လာမှာပါ” ဆိုပြီး ခေါင်းတုံးဆံပင်ပေါက် ဓာတ်ပုံတပုံနဲ့အတူ ဧပြီ ၁၇ ရက်က ပရိသတ်တွေရှိရာ Weverse ဆက်သွယ်ရေးပလက်ဖောင်းမှာ ပို့စ်တင်ခဲ့ပါတယ်။

ဂျေဟုပ်ရဲ့ စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးသွားတဲ့အခါ ကောင်းမွန်စွာ ပြန်လာခဲ့ပါဆိုပြီး ပရိသတ်တွေက မှတ်ချက်ပေါင်း ၁၀,၀၀၀ ကျော်နဲ့အတူ ဆုတောင်းပေးခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အတွင်းရှိ ကျန်းမာသန်စွမ်းတဲ့ အမျိုးသားအားလုံးဟာ ၁၈ လကနေ ၂၁ လအထိ စစ်မှုထမ်းဆောင်ရပါတယ်။

ကျန်ရှိခဲ့တဲ့ BTS အဖွဲ့ဝင် ဂျီမင်၊ ဗီနဲ့ ဂျောင်ကွတ်ခ် တို့ဟာလည်း လာမယ့် ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ စစ်မှုထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

Up