close

စပိန်ကမ်းခြေစောင့်သင်္ဘောက ရွှေ့ပြောင်းအခြေချသူ ၅၇ ဦးကို ကယ်တင်

စပိန်နိုင်ငံရဲ့ ကမ်းခြေစောင့်သင်္ဘောတစ်စင်းဟာ အတ္တလန္တိတ်ပင်လယ်ပြင်မှာ ရွှေ့ပြောင်းအခြေချသူပေါင်း ၅၇ ဦးကို ကယ်တင်ခဲ့ပြီး ဧပြီ ၂၀ ရက်က ဂရန်ကာနာရီယာကျွန်းရဲ့ အာဂင်နက်ဂင်းဆိမ်းကမ်းကို ရောက်ရှိလာပါတယ်။

အရွယ်မရောက်သေးသူ ၅ ဦး ပါဝင်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအုပ်စုဟာ သစ်သားလှေတစ်စင်းနဲ့အတူ ပင်လယ်ပြင်ကို ဖြတ်ကျော်လာရင်း ဂရန်ကာနာရီယာကျွန်းရဲ့ တောင်ဘက် ၄ မိုင်အကွာမှာ  ရှာဖွေ့တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

နှစ်စဉ်နှစ်တိုင်း မြောက်အာဖရိကဒေသက ထောင်ပေါင်းများစွာသော လူတွေဟာ ပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုအတွက် ဥရောပတိုက်ကို ထွက်ခွာလာခဲ့ကြတာ ဖြစ်ပါတယ်။ 

ဧပြီ ၁၅ ရက်နေ့အထိ ရွှေ့ပြောင်းအခြေချသူ စုစုပေါင်း ၂,၃၅၆ ဦးဟာ ကာနာရီကျွန်းတွေရှိရာကို လှေတွေနဲ့ ဖြတ်သန်းလာခဲ့ကြပြီး ဒါဟာ ၂၀၂၂ ခုနှစ်ရဲ့ အလားတူကာလတုန်းကထက် ၆၂ ဒသမ ၆ ရာခိုင်နှုန်းလျော့နည်းသွားတာ ဖြစ်တယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

မနှစ်တုန်းက ကာနာရီကျွန်းတွေကို ရွှေ့ပြောင်းအခြေချသူပေါင်း ၁၅,၆၈၂ ဦးအထိ ရောက်လာခဲ့ကြတာ ဖြစ်ပြီး ဒီလိုများပြားတဲ့ ပမာဏဟာ ၂၀၂၁ ခုနှစ်တုန်းကထက် ၂၉ ဒသမ ၇ ရာခိုင်နှုန်း လျော့နည်းနေသေးတာ ဖြစ်ပါတယ်။

Up