တရုတ်လေယာဉ်တင်သင်္ဘော အဆင့်မြှင့်တင်

တရုတ်နိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘော လျောင်နင်းဟာ တိုက်ခိုက်ရေး အခန်းကဏ္ဍမှာ တာဝန်ထမ်းဆောင်ဖို့ စက်ပစ္စည်းတွေကို အဆင့်မြှင့်တင်နေပြီး သိသာထင်ရှားလောက်အောင် အသွင်ကူးပြောင်းနေတယ်လို့ အမှုဆောင် အရာရှိက (CGTN) သတင်းဌာနရဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာ ပြောပါတယ်။
လျောင်နင်း လေယာဉ်တင်သင်္ဘောရဲ့ အမှုဆောင်အရာရှိ လူချမ်းချမ်းက "ရေပြာ မျိုးဆက်" လို့အမည်ပေးထားတဲ့ရုပ်သံ အစီအစဉ်ထဲမှာ ပြောလိုက်တာဖြစ်ပြီး လေ့ကျင့်ရေးသင်္ဘောဟာ ရေကြောင်းတိုက်ပွဲမှာ ပိုအရေးပါတဲ့ အခန်းကဏ္ဍတွေ ပါလာအောင် အဆင့်မြှင့်တင် ထားတာပါ။
အနောက်နိုင်ငံတွေက ကျွန်းကွင်းဆက်လို့ ခေါ်တဲ့ အနောက်ပစိဖိတ်ဒေသထဲကို ဝင်ရောက်ပြီး တိုက်ရိုက် ပစ်ခတ်လေ့ကျင့်နေပါတယ်။
တရုတ်ရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘော လျောင်နင်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်မှာ စပြီးရေချရင်း တာဝန်ပေးခဲ့တာ ၁၀ နှစ်ကြာခဲ့ပါပြီ။
တရုတ်ဟာ ယူကရိန်းက တစ်ပတ်ရစ် ဆိုဗီယက်ခေတ် မော်ဒယ်ဟောင်း လေယာဉ်တင် သင်္ဘောကို ဝယ်ယူ၊ ပြန်မွမ်းမံပြီးတဲ့နောက် လျောင်နင်းလို့ နာမည်ပေးခဲ့တာပါ။
လျောင်နင်း လေယာဉ်တင်သင်္ဘောရဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေဖို့ တိုးတက်ရေး လမ်းကြောင်းကို အစအဆုံး စူးစမ်းလေ့လာခဲ့ပြီး မွမ်းမံရင်း အောင်မြင်မှုတွေ ဖန်တီး နိုင်ခဲ့တယ်လို့ မှတ်တမ်းရုပ်ရှင်က ဆိုထားပါတယ်။