close

စိတ်ပျက်ဖွယ်ရာရှုံးပွဲမှ ပြန်ရုန်းထနိုင်မည်ဟု မန်ယူနည်းပြ မျှော်လင့်

မန်ချက်စတာ ယူနိုက်တက်မန်နေဂျာ အဲရစ်ခ်တန်ဟတ်ဟာ သူ့ရဲ့ ကစားသမားတွေကို ယူရိုပါလိဂ်ရှုံးကနေ ထွက်ခဲ့ရတဲ့ စိတ်ပျက်ဖွယ်ရာ ပွဲစဉ်ကနေ ပြန်လည် ရုန်းထလာနိုင်ဖို့ ဒီကနေ့ညကစားမယ့် အက်ဖ်အေဖလားပွဲစဉ်မှာ မျှော်မှန်းထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

ယူရိုပါလိဂ် ဒုတိယအကျော့ ကွာတားဖိုင်နယ်မှာ ဆီဗီလာကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ၂ ပွဲပေါင်း ရလဒ် ၅ ဂိုး ၂ ဂိုးနဲ့ ထွက်ခဲ့ရတဲ့ ပွဲစဉ်အပြီးနောက်ရက်မှာ ပြောကြားခဲ့တာပါ။ 

အသင်းသားတွေဟာ သူတို့ရဲ့ စွမ်းဆောင်ရည်ကျဆင်းနေတာကို သိဖို့လိုအပ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ အားလုံး တိုးတက်ဖို့လိုအပ်ပါတယ်။ နည်းပြဖြစ်သူက အသင်းသားတွေကို သင်ကြားပေးရမှာဖြစ်ပြီး အသင်းသားတွေက အကောင်အထည်ဖော်ရမှာပါ။ ဒီရာသီမှာ ဆိုးဝါးတဲ့ ရလဒ်တွေ ရှိခဲ့တယ် ဆိုးဝါးတဲ့ စွမ်းဆောင်ရည်တွေ ရှိခဲ့တယ်ဆိုတာကို သိထားတယ်”လို့လည်း နည်းပြက ပြောကြားခဲ့ပါတယ်။

ကျနော်တို့ ဒီလိုပုံစံမျိုးအတွေ့အကြုံတွေ ရှိထားတာကြောင့် ကျနော်တို့ ပြန်လည် ရုန်းထနိုင်မယ်လို့ ယုံကြည်ထားသလို ဒါကို လုပ်ဆောင်နိုင်မယ်လို့လည်း ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်လို့  နည်းပြတန်ဟက်က ပြောပါတယ်။ 

Up