close

မက်ထရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို ဂျိုကိုဗစ်နှင့် နာဒဲလ် လွဲချော်

နိုဗက်ဂျိုကိုဗစ်ဟာ လာမယ့်တပတ် မက်ထရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ရပြီး ရာဖေးနာဒဲလ်လိုပဲ ပွဲကြည့်စင်ကနေပဲ ကြည့်ရှုနိုင်တော့မယ်လို့ ပွဲစီစဉ်သူက ဧပြီ ၂၂ ရက်မှာ ပြောပါတယ်။

ဂျိုကိုဗစ်ဟာ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတာကြောင့် ဒီနှစ်အစောပိုင်းက ယူအက်စ် ကွင်းမာ တင်းနစ်ကွင်းမှာ မကစားခဲ့ရတာကြောင့် ရွှံစေးမြေကွင်းမှာ ကစားဖို့ ပြင်ဆင်ခဲ့ပေမဲ့ မွန်တေးကာလို မာစတာနဲ့ ဘန်ဂျလုကာအိုးပင်း ပြိုင်ပွဲတွေကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။

အမြန်ဆုံး ဒဏ်ရာကနေ ကောင်းမွန်လာစေဖို့ ဆုမွန်ကောင်းတောင်းနေပြီး ကွင်းပြင်မှာ အမြန်ဆုံး ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်လို့ ပွဲစီစဉ်သူက ပြောဆိုခဲ့ပေမဲ့ ဂျိုကိုဗစ်ရဲ့ ဒဏ်ရာအသေးစိတ်ကိုတော့ မပြောပြခဲ့ပါဘူး။

ရာဖေးနာဒဲလ်ကတော့ ဒီတပတ်အစောပိုင်းတည်းက သူ့ရဲ့ တင်ပါးဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် မက်ထရစ်ကပြိုင်ပွဲကို လွဲချော်လိမ့်မယ်လို့ ကြေညာထားခဲ့ပါတယ်။

ရာဖေးနာဒဲလ်နဲ့  ဂျိုကိုဗစ်တို့ ၂ ယောက်စလုံးဟာ ဂရန်းစလန်းပြိုင်ပွဲတွေမှာ ၂၂ ကြိမ်စီ ဆွတ်ခူးထားနိုင်သူတွေ ဖြစ်ကြပါတယ်။

ပြင်သစ်အိုးပင်းပြိုင်ပွဲ ဒုတိယအကြိမ် ဂရင်းစလန်းပြိုင်ပွဲရာသီဟာ မေလ ၂၈ ရက်နေ့ စတင်မှာ ဖြစ်ပါတယ်။

Up