close

လူကာကူကို လူမျိုးရေးခွဲခြားခဲ့သည့် ဂျူဗင်တပ်ပရိသတ် ၁၇၁ ဦးကို ကွင်းထဲဝင်ကြည့်ခွင့်ပိတ်ပင်

အင်တာမီလန်နဲ့ ကစားခဲ့တဲ့ ကိုပါအီတလီယာဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ တိုက်စစ်မှူးလူကာကူအပေါ် လူမျိုးရေးခွဲခြားခဲ့တဲ့ ဂျူဗင်တပ်ပရိသတ် ၁၇၁ ဦးကို ကွင်းထဲဝင်ကြည့်ခွင့်ပိတ်ပင်ခဲ့ပါတယ်။

အဲဒီ ကိုပါအီတလီယာဖလားပွဲစဉ်မှာ လူကာကူက ပွဲချိန် ၉၅ မိနစ်မှာ ပင်နယ်တီကနေ ချေပဂိုးသွင်းယူခဲ့တာပါ။

ဂိုးသွင်းယူအပြီး အောင်ပွဲခံရာမှာ ဂျူဗင်တပ်ပရိသတ်တွေက မျောက်ဆိုပြီး သံပြိုင်အော်ဟစ်ကာ လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့တာပါ။

အဲဒီဖြစ်ရပ်အပေါ် ရုပ်သံပြကွက်တွေကနေ တဆင့် ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ဂျူဗင်တပ်အသင်းပရိသတ် ၁၇၁ ဦးကို ကွင်းထဲဝင်ကြည့်ခွင့်ပိတ်ပင်ခဲ့တာပါ။

စုစု ပေါင်း ပရိသတ် ၂၀၀ ဦး အထိ ရှိနိုင်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်မယ်လို့သိရပါတယ်။

ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့ရဲ့ ကိုပါအီတလီယာဖလား ဒုတိယအကျော့ပွဲစဉ်ကို ဧပြီ ၂၇ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Up