close

ကာဆယ်နှင့်ရှုံးပွဲအတွက် မန်ယူနှင့်ပွဲတွင် တုံ့ပြန်ကြရန် စပါးအသင်းကို နည်းပြမေဆန် တိုက်တွန်း

နယူးကာဆယ်နဲ့ပွဲတုန်းက ရှုံးပွဲအတွက် မန်ယူအသင်းနဲ့ပွဲစဉ်မှာ တုံ့ပြန်ကြဖို့ စပါးအသင်းသားတွေကို နည်းပြ ရွိုင်ယန်မေဆန်က တိုက်တွန်းသွားပါတယ်။

စပါးအသင်းဟာ တနင်္ဂနွေနေ့ကပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ယာယီနည်းပြ စတယ်လီနီဟာလည် ထုတ်ပယ်ခံခဲ့ရပါတယ်။

ယာယီနည်းပြဖြစ်လာတဲ့ နည်းပြ ရွိုင်ယန်မေဆန်ကတော့ ကာဆယ်နဲ့ပွဲက ရှုံးပွဲအတွက် မန်ယူနဲ့ အိမ်ကွင်းပွဲစဉ်မှာ တုံ့ပြန်ပေးကြဖို့ အသင်းသားတွေကို တိုက်တွန်းခဲ့တာပါ။

နည်းပြမေဆန်က “တနင်္ဂနွေ့နေ့ပွဲစဉ်ဟာ စိတ်ပျက်စရာကောင်းခဲ့ပြီး ယူနိုက်တက်နဲ့ပွဲစဉ်မှာ ကစားသမားတွေတင်မဟုတ်ဘဲ အသင်းနဲ့ ပါဝင်ပတ်သက်သူတိုင်းက တုံ့ပြန်နိုင်ဖို့ မျှော်လင့်ပါတယ်။ ပရိသတ်တွေကို တန်ဖိုးထားပြီး ယူနိုက်တက်နဲ့ပွဲမှာ သူတို့ရဲ့ အားပေးမှုလည်း လိုအပ်ပါတယ်” လို့ ပြောပါတယ်။

လာမယ့်ရာသီမှာ အမြဲတမ်းနည်းပြအဖြစ် ဆက်လက်တာဝန်ယူသွားဖို့ အဆင်သင့်ဖြစ်နေပေမဲ့ လာမယ့်ပွဲစဉ်တွေက အဓိကကျကြောင်းလည်း နည်းပြမေဆန်က ပြောသွားပါတယ်။

Up