ဂျူဗင်တပ်နှင့် ဘာစီလိုနာတို့ လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ပိတ်ပင်ခံရနိုင်

ဂျူဗင်တပ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ဥရောပဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးနေတာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ပိတ်ပင်ခံရနိုင်ခြေ ရှိနေပါတယ်။
ဂျူဗင်တပ်အသင်းဟာ အပြောင်းအရွှေ့တွေမှာ ကစားသမားတွေကို ငွေပေးချေရာမှာ မမှန်မကန် ပြုလုပ်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးခံနေရတာပါ။
အီတလီဘောလုံးအဖွဲ့ချုပ်ကနေ ၁၅ မှတ်လျော့ပြစ်ဒဏ် ချမှတ်ခဲ့ပေမဲ့ ပြန်လည် ပြင်ဆင်ပြီးနောက် ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်က ဆက်လက်စစ်ဆေးနေဆဲဖြစ်လို့ ပြစ်မှုထင်ရှားမယ်ဆိုရင် ဥရောပပွဲကစားခွင့် ပိတ်ပင်ခံရနိုင်တာပါ။
ဘာစီလိုနာအသင်းကတော့ လွန်ခဲ့တဲ့ ၁၇ နှစ်ကတည်းက စပိန်ဒိုင်လူကြီးကော်မတီ ဒုတိယဥက္ကဋ္ဌ နီဂရီယာရာကို ပေါင် ၆ ဒသမ ၄၆ သန်း ပေးချေခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပြီး မသမာမှုလုပ်တယ်လို့ စွပ်စွဲခံနေရတာပါ။
ပြစ်မှုထင်ရှားမယ်ဆိုရင် လုပ်ပွဲကစားမှုနဲ့ အဲဒီအချိန်တုန်းက အသင်းတာဝန်ရှိသူတွေပါ ထောင်ဒဏ်ပြစ်ဒဏ် ချခံရနိုင်ပြီး ဘာစီလိုနာအသင်းဟာလည်း ဥရောပဝင်ခွင့် ပိတ်ပင်ခံရနိုင်တာ ဖြစ်ပါတယ်။