ခရိုအေးရှားနံပါတစ်ဂိုးသမား လစ်ဗာကိုဗစ်ကို စာချုပ်ဖျက်သိမ်းကြေးပေးပြီး မန်ယူခေါ်ရန်စီစဉ်

192
မန်ယူအသင်းဟာ ခရိုအေးရှားလက်ရွေးစင်ဂိုးသမား လစ်ဗာကိုဗစ်ကို စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အသက် ၂၈ နှစ်ရှိ ဒိုင်နမိုဇာဂရက်ဂိုးသမားဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ လက်စွမ်းပြခဲ့ပြီး ဘရာဇီးအသင်းကို ပြိုင်ပွဲကနေ ထွက်ခွာသွားစေခဲ့သူပါ။
သူ့ရဲ့စာချုပ်သက်တမ်းက နောက်ဆုံးတနှစ်သာ ကျန်ရှိတော့ပြီး စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင် ၈ ဒသမ ၉ သန်း သတ်မှတ်ထားတယ်လို့ ခရိုအေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။
တနှစ်လုပ်ခ ပေါင် ၁ ဒသမ ၁ သန်းပေးချေနေရတာကို လျှော့ချဖို့လည်း မိခင်ကလပ် ဇာဂရက်အသင်းက ဆန္ဒရှိနေတာကြောင့် အသင်းပြောင်းရွှေ့ခွင့်ပြုဖို့လည်း ရှိနေတာပါ။
အမှန်တကယ် အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့မယ် ဆိုရင်တော့ လစ်ဗာကိုဗစ်ဟာ မန်ယူနိုက်တက်မှာ ကစားခွင့်ရတဲ့ ပထမဆုံး ခရိုအေးရှားကစားသမား ဖြစ်လာမယ်လို့ သိရပါတယ်။