အမေရိကန်-တောင်ကိုရီးယားသဘောတူညီချက် အခြေအနေပိုဆိုးစေမည်ဟု ကင်မ်ဂျုံအန်းညီမ ပြော

တောင်ကိုးရီးယားရဲ့လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားဖို့ အမေရိကန်-တောင်ကိုရီးယား သဘောတူညီချက်ဟာ အခြေအနေကို ပိုမို ဆိုးရွားစေလိမ့်မယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ သြဇာကြီးတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်းက ပြောတယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဧပြီ ၂၉ ရက်မှာ ဖော်ပြပါတယ်။
ရလဒ်အနေနဲ့ “နျူကလီးယားစစ်ပွဲ အဟန့်အတား” ကို ပြီးပြည့်စုံအောင်လုပ်ရမယ် ဆိုတာ မြောက်ကိုရီယားက သေချာသွားပြီလို့ ကင်မ်က ပြောပါတယ်။
ထုတ်ပြန်ချက်မှာ အသေးစိတ်တော့ မဖော်ပြထားပါဘူး။ ကင်မ်ရဲ့ကြေညာချက်ဟာ အစည်းအဝေးနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ ပထမဆုံး မှတ်ချက်ဖြစ်ပြီး နိုင်ငံရဲ့ စစ်အင်အားပြမှုတွေနဲ့ လက်နက်တွေ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်ဆက်ကတော့ ဆက်လက် ထားရှိသွားမယ်လို့ အကြံပြုထားပါတယ်။
အမေရိကန်နဲ့ သူ့မဟာမိတ်တွေကို နျူကလီးယား တိုက်ခိုက်မှု မှန်သမျှဟာ အာဏာရှင်စနစ် အဆုံးသတ်ဖြစ်သွားမယ်ဆိုတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ သတိပေးချက်ကိုလည်း သူငယ်ပြန်နေတဲ့သူဆီက မဆီမဆိုင် မှတ်ချက်ဖြစ်တယ်လို့လည်း ဝေဖန်ပြောဆိုလိုက်ပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆုခ်ယိုးလ်ကိုလည်း လူမိုက်လို့ တံဆိပ်ကပ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ တောင်ကိုရီးယားသမ္မတယွန်းတို့ဟာ အခုသီတင်းပတ်အတွင်းမှာ တွေ့ဆုံခဲ့ကြပြီး၊ မြောက်ကိုရီးယားရဲ့ ဒုံးကျည်တွေနဲ့ ဗုံးတွေ ထုတ်လုပ်မှု တိုးပွားလာလို့ စိုးရိမ်မှုတွေ ကြားမှာ မြောက်ကိုရီးယားနဲ့ ဘာပဋိပက္ခကိုမဆို သူ့ရဲ့နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားအနေနဲ့ ပိုပြီးအတွင်းကျကျ အသေးစိပ်သိရှိစေရမယ်လို့ အမေရိကန်က ကတိပြုခဲ့ပါတယ်။