မက္ကဆီကိုတွင် ဘတ်စ်ကား ချောက်ထဲပြုတ်ကျပြီး ၁၈ ဦးထက်မနည်း သေဆုံး

2
မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း ချောက်ကမ်းပါးတစ်ခုပေါ်ကနေ ဘတ်စ်ကားတစ်စီး ပြုတ်ကျလို့ လူ ၁၈ ဦးထက်မနည်း သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေက ဧပြီ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
ဘတ်စ်ကားဟာ ဧပြီ ၂၉ ရက်ညက ပြည်နယ်မြို့တော် တေပစ်နဲ့ ပွာတိုဗယ်လာတာမြို့တို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးဘေးက ပေ ၅၀ လောက်နက်တဲ့ လျှိုထဲ ပြုတ်ကျခဲ့ပြီး အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသား ၇ ဦး သေဆုံးခဲ့တယ်လို့ ယာဉ်မတော်တဆဖြစ်ခဲ့တဲ့ နာယာရစ်ပြည်နယ်က အစိုးရရှေ့နေရုံးက ပြောပါတယ်။ အရွယ်မရောက်သေးသူ ၁၁ ဦးကို ဆေးကုဖို့ ဆေးရုံတွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
နာယာရစ်ပြည်နယ် လုံခြုံရေးနှင့် မြို့ပြကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ ကယ်ဆယ်ရေးသမားတွေက ဧပြီ ၂၉ ရက် ညပိုင်း ယာဉ်မတော်တဆမှုရဲ့ ဓားစာခံတွေကို ကယ်ထုတ်နေပုံတွေကို ပြသထားပါတယ်။