စစ်တုရင်ကမ္ဘာ့ချန်ပီယံဆု တရုတ်နိုင်ငံသား ပထမဆုံး ဆွတ်ခူး

၂၀၂၃ ခုနှစ်ရဲ့ FIDE ကမ္ဘာ့ချန်ပီယံရှစ် စစ်တုရင်ပြိုင်ပွဲမှာ တရုတ်ကစားသမား တိန့်လိရန်က ရုရှားနိုင်ငံသား အီယန်နီပွန်နီရှီကို အနိုင်ရရှိခဲ့တာကြောင့် စစ်တုရင်ကမ္ဘာ့ချန်ပီယံဆုကို ပထမဆုံးဆွတ်ခူးနိုင်တဲ့ တရုတ်ကစားသမား ဖြစ်လာခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လတုန်းက စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ ကျင်းပခဲ့တဲ့ The Candidates စစ်တုရင်ပြိုင်မှာတော့ နီပွန်နီရှီက တိန့်ကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။
ကမ္ဘာ့ချန်ပီယံအဖြစ် အချိန်အတော်ကြာ လွှမ်းမိုးထားတဲ့ မက်ဂ်နက်စ် ကာလ်ဆန်ကတော့ ဒီပြိုင်ပွဲမှာ လက်လျှော့ခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ် အတွင်း စစ်တုရင်လောကမှာ အရေးကြီးဆုံးပြိုင်ပွဲတစ်ခုရဲ့ ဖိုင်နယ်ပွဲစဉ်ကို တိန့်နဲ့ နီပွန်နီရှီတို့ ယှဉ်ပြိုင်ခဲ့ရတာပါ။
ဖိုင်နယ်ပွဲစဉ်အတွင်း ၃ ပွဲ ဆက်တိုက် သရေကျပြီးတဲ့နောက် တိန့်က အမဲရောင် ကိုယ်စားပြု အနေနဲ့ ၄ ပွဲမြောက်မှာ အနိုင်ရပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။
အမျိုးသားနဲ့ အမျိုးသမီး ကမ္ဘာ့စစ်တုရင်ချန်ပီယံ ၂ ဦးစလုံးဟာ တရုတ်နိုင်ငံကသာ ဖြစ်တာ ကြောင့် သမိုင်းဝင်အခိုက်အတန့်တစ်ခုအနေနဲ့ မှတ်ကျောက်တင်နိုင်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။