စူပါမာရီယို ဘရိုစ် ရုပ်ရှင် ရုံတင်ငွေ ၁ ဘီလီယံကျော် စံချိန်တင်ရရှိ

စူပါမာရီယို ဘရိုစ် ရုပ်ရှင်ဟာ ကမ္ဘာလုံးဆိုင်ရာ ရုပ်ရှင်ရုံမှတ်တမ်းမှာ တနှစ်တာအတွင်း ဒေါ်လာ ၁ ဘီလီယံ စံချိန်တင်ရရှိခဲ့တဲ့ ပထမဆုံးရုပ်ရှင်ကား ဖြစ်ပါတယ်။
ရုပ်ရုင်ပြသပြီး ၂၆ ရက်အကြာ မြောက်အမေရိကမှာ ဒေါ်လာသန်း ၄၉၀ နဲ့ နိုင်ငံတကာမှာ ေဒါ်လာ ၅၃၂ သန်း ရရှိခဲ့ပြီး ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားချိန်မှာ ဒေါ်လာ ၁ ဘီလီယံ ရရှိခဲ့တဲ့ ပဉ္စမမြောက်ရုပ်ရှင်လည်း ဖြစ်ပါတယ်။
စူပါမာရီယိုဘရိုစ် ရုပ်ရှင်ကို ၂၀၂၃ ခု ဧပြီ ၅ ရက်မှာ ရုံတင်ပြသခဲ့ပြီး ရုံတင်ပြီး ပထမ ၅ ရက်အတွင်း ဒေါ်လာ ၂၀၄ သန်း ရရှိခဲ့ကာ ၂၀၂၃ ခုနှစ်ရဲ့ အကြီးဆုံး အဖွင့်သီတင်းပတ်နဲ့ ကာတွန်းရုပ်ရှင်အတွက် ဒုတိယအကြီးဆုံး စံချိန်တင်ခဲ့ပါတယ်။
ဒီရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ်ရဲ့ ပြည်တွင်းနဲ့ ကမ္ဘာတဝန်းမှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင် ဖြစ်လာပြီး ဗွီဒီယိုဂိမ်းကို အခြေခံတဲ့ ရုပ်ရှင်အတွက် ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာပါတယ်။
အဆိုပါရုပ်ရှင်ဟာ နင်တန်ဒိုရဲ့ ကမ္ဘာကျော်ဂိမ်းဖြစ်တဲ့ စူပါမာရီယိုကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းမှာ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ မာရီယိုနဲ့ လူဝီဂျီး တို့ဟာ အမေရိကန်နိုင်ငံ ဘရွတ်ကလင်း စီရင်စုက မှိုဘုရင်နိုင်ငံကို ရောက်ရှိသွားပြီး မင်းသမီး ပိခ်ျနဲ့အတူ ကမ္ဘာသိမ်းဖို့ကြံနေတဲ့ လူဆိုးဗိုလ် ဘောင်းဇာကို တားဆီးကြမယ့်အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။