close

အန္တရာယ်ရှိဆေးဝါးများ ရောင်းဝယ်မှု သံသယရှိသူ ၂၈၈ ဦးကို အမေရိကန် ကြေညာ

လျှို့ဝှက် အင်တာနက်စာမျက်နှာပေါ်မှာ ဖန်တနောနဲ့ တခြား အန္တရာယ်ရှိတဲ့ ဆေးဝါးတွေ ရောင်းဝယ်ဖောက်ကားမှုကို တားဆီးဖို့ ရည်ရွယ်တဲ့ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် သံသယရှိသူ ၂၈၈ ဦးကို အမေရိကန် တရားရေးဌာနက မေ ၂ ရက်မှာ ကြေညာခဲ့ပါတယ်။

စပက်တာ အော်ပရေးရှင်းလို့ နာမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးမှာ ဥပဒေစိုးမိုးရေးအေဂျင်စီ အမြောက်အမြား ပါဝင်ပြီး အမေရိကန်၊ ဥရောပနဲ့ တောင်အမေရိက တလွှားမှာ စီးနင်းခဲ့တာပါ။

လက်နက် ၁၁၇ လက်၊ မူးယစ်ဆေးဝါး ၈၅၀ ကီလိုဂရမ်နဲ့ ငွေသားနဲ့ virtual ငွေကြေး ဒေါ်လာ ၅၃ ဒသမ ၄ သန်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ အမေရိကန်ရှေ့နေချုပ် မားရစ်ခ် ဂါးလန်းက ပြောပါတယ်။

ဖမ်းဆီးမှု ၂၈၈ မှုအနက် တရားခံ ၁၅၃ ဦးကို အမေရိကန်မြေပေါ်မှာ ဖမ်းမိထားတယ်လို့ သူက ဆက်ပြောပါတယ်။

လျှို့ဝှက် အင်တာနက်စာမျက်နှာတွေပေါ်မှာရှိတဲ့ ရာဇဝတ်ကောင်တွေအတွက် သတင်းစကားက အင်တာနက်ရဲ့ အဝေးဆုံးအစွန်အဖျားတွေမှာ ပုန်းနေဖို့ ကြိုးစားနိုင်ပေမဲ့ တရားရေးဌာနကတော့ မရမကရှာဖွေပြီး ခင်ဗျားရဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူလိမ့်မယ်လို့ ဂါးလန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Up