ဟဲဗီးဝိတ် ချန်ပီယံဟောင်း ဒွန်တေးဝဲလ်ဒါ လက်နက်လက်ဝယ်ရှိမှုဖြင့် ဖမ်းဆီးခံရ

ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံဟောင်း ဒွန်တေးဝဲလ်ဒါကို မေလ ၂ ရက် မနက်အစောပိုင်းက ဆေးခြောက်နံ့ရတယ်ဆိုပြီး ကားပေါ်ကဆွဲချကာ ဖုံးကွယ်ထားတဲ့ လက်နက်ရှိတယ်ဆိုပြီး ရဲက ဖမ်းဆီးထောင်ချခဲ့ပါတယ်။
ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်းဟာ ဒေါ်လာ ၃၅,၀၀၀ တန်စာချုပ် လက်မှတ်မထိုးခင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း လော့စ်အိန်ဂျလိစ် ရဲဌာနက အတည်ပြုထားပါတယ်။
၄၆ ကြိမ် ထိုးသတ်ထားပြီး ၄၃ ကြိမ်အနိုင်ရ၊ ၂ ကြိမ်ရှုံးပြီး ၁ ပွဲသရေ စံချိန်ရှိတဲ့ ဝဲလ်ဒါဟာ မေလ ၂ ရက် မနက် ၁ နာရီ ၁၅ မိနစ်မှာ ဟောလိဝုဒ်ဧရိယာတဝိုက်ကို သူရဲ့ Rolls Royce ကားနဲ့ မောင်းနှင်ခဲ့တယ်လို့ TMZ အရ သိရပါတယ်။
ကားထဲမှာ ၉ မမ ပစ္စတိုတလက်ကို တွေ့ရှိခဲ့ပြီးနောက် တာဝန်ရှိသူတွေက ဝဲလ်ဒါကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဝဲလ်ဒါဟာ လွတ်မြောက်ပြီး နာရီပိုင်းအကြာမှာပဲ “ကျနော် တောင်းပန်တာထက် လုံခြုံချင်တယ်၊ ဒါပါပဲ” လို့ တွစ်တာမှာ မျှဝေခဲ့ပါတယ်။
သူ့မှာ တရားမဝင် နံပါတ်ပြားတခုရှိကြောင်း သိရပြီး သူ့ရဲ့ကားပေါ်မှာ တွေ့ရတဲ့ လက်နက်ကိုလည်း ကိုင်ဆောင်ဖို့ လိုင်စင်ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ရဲတွေက ပြောခဲ့ပြီး ဝဲလ်ဒါဟာ မေလ ၂၃ ရက်နေ့မှာ LA တရားရုံးကို သွားရောက်ရမှာ ဖြစ်ပါတယ်။