ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲတွင် မြန်မာက အင်ဒိုနီးရှားကို ၅ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်

4
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်မှာ မြန်မာယူ-၂၂ အသင်းက အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် ခြေပြတ် ရှုံးနိမ့်သွားပါတယ်။
မြန်မာအသင်းဟာ တီမောကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲက ပွဲထွက်လူစာရင်းကို ၄ ဦး အပြောင်းအလဲပြုလုပ်ပြီး ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမဲ့ အင်ဒိုနီးရှားအသင်းကို အဘက်ဘက်ကနေ မယှဉ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာ ၂ ဂိုး၊ ဒုတိယပိုင်းမှာ ၃ ဂိုး ပေးခဲ့ရတာပါ။
ဒီပွဲအရှုံးကြောင့် လက်ကျန် ၂ ပွဲမှာ နှစ်ပွဲစလုံး အနိုင်ရမှ ဆီမီးဖိုင်နယ် တက်ခွင့်ရရှိမှာပါ။
မြန်မာယူ-၂၂ အသင်းဟာ လာမယ့် မေလ ၇ ရက်နေ့မှာ အိမ်ရှင် ကမ္ဘောဒီးယားနဲ့ ကစားရမှာဖြစ်ပြီး မေလ ၁၀ ရက်နေ့မှာ ဖိလစ်ပိုင်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။