close

ဂျာမနီ၊ စပိန်နှင့် အီတလီတို့တွင် မာဖီးယားဂိုဏ်းနှင့် ဆက်နွှယ်သူ ၁၅၀ ကျော် ဖမ်းဆီးခံရ

ကမ္ဘာ့အချမ်းသာဆုံး မာဖီးယားဂိုဏ်းလို့ ယူဆရတဲ့ အန်ဒရမ်ဂီတာ အင်အားကြီး မာဖီးယားဂိုဏ်းကို သုံးနှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် ဂျာမနီ၊ စပိန်နဲ့ အီတလီမှာ လူပေါင်း ၁၅၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

အီတလီနဲ့ ဘယ်လ်ဂျီယံ စုံစမ်းစစ်ဆေးရေးမှူးတွေဟာ အန်ဒရမ်ဂစ်တာ ဖွဲ့စည်းထားတဲ့ ရာဇဝတ်ဂိုဏ်းက သံသယရှိသူတွေဟာ ၂၀၁၉ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ခုနှစ် ဇန်နန်ဝါရီလ အထိ ကိုကင်း ၂၅ တန်နီးပါးမှောင်ခိုတင်သွင်းခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

အဆိုပါအဖွဲ့ဟာ အီတလီရှိ ကာလာဘီယာ ကနေ ဘယ်ဂျီယံ ၊နယ်သာလန်နဲ့ တောင်အမေရိကအထိ ယူရို ၂၂သန်း (ပေါင် ၁၉သန်း) ကျော်ကို ငွေကြေးခဝါချခဲ့တယ်လို့စွပ်စွဲခံထားရပါတယ်။

အန်ဒရမ်ဂီတာဟာ ကာလာဘီယာ တောင်ပိုင်းမှာအခြေစိုက်ပြီး စစ်စီလီယံ မာဖီးယားတွေကို ကျော်ပြီး အီတလီမှာ ဩဇာအကြီးမားဆုံးဂိုဏ်းဖြစ်လာပြီး ကမ္ဘာ့အချမ်းသာဆုံးရာဇဝတ်ဂိုဏ်းလို့လည်းဆိုနိုင်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မာဖီးယားများ၊ မှုးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုတို့နဲ့ စွပ်စွဲခံထားရပြီး အီတလီတရားဥပဒေစိုးမိုးရေးက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတာ့သေနတ်၊ မူးယစ်ဆေးဝါးတွေနဲ့ အမည်မသိ ငွေကြေးပမာဏတွေကို ပြသထားပါတယ်။

ဘာဗာရီရာ ပြည်နယ်ရဲတပ်ဖွဲ့က အဆိုပါဖမ်းဆီးမှုကို ယူရီကာ စစ်ဆင်ရေးလို့အမည်ပေးထားပြီး စုံစမ်းစစ်ဆေးမှု ၃ နှစ်ကြာမှ ဖမ်းဆီးနိုင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

ဂျာမနီ၊ဘယ်လ်ဂျီယံ၊ပြင်သစ်၊ အီတလီ၊ ပေါတူဂီနဲ့ စပိန်၊ ဂျာမန်အစိုးရရှေ့နေတွေနဲ့ ပြည်နယ်ရဲတွေက ညှိနှိုင်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

Up