close

မက္ကဆီကိုနိုင်ငံတွင် ဆေးခြောက် တရားဝင်သုံးခွင့်ပြုရေး တောင်းဆို

မက္ကဆီကိုနိုင်ငံမြို့တော် မက္ကဆီကိုစီးတီးမှာ မေ ၆ ရက်က ဆေးခြောက်အသုံးပြုမှုကို တရားဝင် ခွင့်ပြုဖို့အတွက် လူဒါဇင်ပေါင်းများစွာ ဆန္ဒပြမှုတောင်းဆိုခဲ့ကြပါတယ်။

ကမ္ဘာ့ဆေးခြောက် ချီတက်ပွဲ အထိမ်းအမှတ်အဖြစ် ကိုယ်တိုင်အသုံးပြုသူတွေနဲ့ တရားဝင်ဖြစ်ရေး အပေါ် ထောက်ခံသူတွေက မက္ကကိုစီးတီးရှိ ရီဖော်မာ ရိပ်သာလမ်းတလျှောက် ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဆေးခြောက်အပေါ် တားမြစ်ချက်အားလုံးကို အဆုံးသတ်ပေးဖို့ အပါအဝင် ဒါကို ဘေးကင်းစွာ အသုံးပြုနိုင်ဖို့အတွက် တိကျရှင်းလင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာပါ။ 

လမ်းတစ် လျှောက်မှာလည်း ဆန္ဒပြသူတွေက ဆေးခြောက်ကို သောက်သုံးရင်း ဆေးခြောက်နဲ့ သက်ဆိုင်တဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်ခဲ့ကြပါတယ်။ 

၂၀၂၁ ခုနှစ်မှာ မက္ကဆီကိုနိုင်ငံရဲ့ တရားရုံးချုပ်က ဆေးခြောက် သုံးစွဲမှုကို လုံးဝ တားမြစ် ထားရာကနေ ပယ်ဖျက်ပေးခဲ့ပြီး အပန်းဖြေမှု နဲ့ ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်တွေအတွက်သာ အသုံးပြုခွင့်ပေးဖို့ လွှတ်တော်ကို အမိန့်ပေးခဲ့ပါတယ်။ 

ကမ္ဘာ့ဆေးခြောက်ချီတက်ပွဲကို ၁၉၉၉ ခုနှစ်ကစလို့ မေလရဲ့ ပထမဆုံး စနေနေ့အတွင်း ကမ္ဘာ တဝန်းရှိ မြို့ကြီးအသီးသီးမှာ နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။ 

Up