အိမ်ရှင်ကမ္ဘောဒီးယားကို အနိုင်ရခဲ့သည့် မြန်မာအသင်း ဆီမီးတက်ရန် အခြေအနေကောင်း











ဆီးဂိမ်းအုပ်စုတတိယပွဲစဉ်မှာ မြန်မာ ယူ ၂၂ အသင်းက အိမ်ရှင် ကမ္ဘောဒီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
မြန်မာအသင်းအတွက်ဂိုးတွေကို ဟိန်းထက်အောင်နဲ့ သက်ဟိန်းစိုးတို့က ပထမပိုင်းပွဲချိန် ၁၂ မိနစ်နဲ့ ၃၈ မိနစ်တွေမှာ သွင်းယူခဲ့တာပါ။
ဒီကနေ့ပွဲမှာ အိမ်ရှင်းပရိသတ် ၅ သောင်းလောက်ရှေ့မှာ မြန်မာလူငယ်အသင်း ခြေစွမ်းပြသနိုင်ခဲ့ပြီး ခံစစ်ပိုင်းလည်း ကျစ်လျစ်ခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း အနိုင်ဂိုးတွေကို ထိန်းပြီး နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် မြန်မာအသင်း အုပ်စုတက်ဖို့ အခွင့်အရေးကောင်းသွားခဲ့ပါတယ်။ မြန်မာအသင်းက ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲရူံးရလဒ်နဲ့ အုပ်စုဒုတိယနေရာမှာရပ်တည်နေပြီး နောက်ဆုံးပွဲစဉ်မှာ ဖိလစ်ပိုင်ကို အနိုင်ရမယ်ဆိုရင် ဆီမီးဖိုင်နယ်တက်ဖို့သေချာသွားမှာဖြစ်ပါတယ်။
ဒါမှမဟုတ် ကမ္ဘောဒီးယားက အင်ဒိုကို အနိုင်မရခဲ့ရင်လည်း မြန်မာအသင်းက ဖိလစ်ပိုင်နဲ့ ရလဒ်ကြည့်စရာမလိုဘဲ ဆီမီးတက်မှာဖြစ်ပါတယ်။