အပစ်ရပ်ရေး ဆူဒန်စစ်သွေးကြွအဖွဲ့နှင့် နိုင်ငံတကာတို့ ဆက်သွယ်ရန် ကော်မတီဖွဲ့မည်

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တရပ် ရရှိရေးအတွက် ဆူဒန်စစ်သွေးကြွအဖွဲ့တွေနဲ့ နိုင်ငံတကာအသိုက်အဝန်းတို့ ဆက်သွယ်ဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမယ်လို့ အာရပ်နိုင်ငံများ အသင်းချုပ်အဖွဲ့ အာရပ်လိဂ်က မေ ၇ ရက်မှာ ပြောပါတယ်။
အရေးပေါ်ဝန်ကြီးအဆင့်အစည်းအဝေးမှာ အီဂျစ်၊ ဆော်ဒီအာရေးဗျနဲ့ အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် အာမဒ် အဘူဂိုက်တို့ ပါမယ်လို့ အရေးပေါ် ဝန်ကြီးအဆင့် အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။
စစ်မက်ဖြစ်ပွားနေတဲ့ ဆူဒန်နိုင်ငံတောင်ပိုင်း ခါတွန်မ်မြို့မှာ မေ ၇ ရက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဆူဒန်နိုင်ငံက စစ်ဖြစ်နေတဲ့ နှစ်ဖက်စလုံးက ကိုယ်စားလှယ်တွေဟာ ဆွေးနွေးပွဲတွေအတွက် ဆော်ဒီအာရေဗျနိုင်ငံကို ရောက်နေခဲ့ ပါတယ်။
သံတမန်တွေ နိုင်ငံတကာ ဖျန်ဖြေသူတွေဟာ လူရာနဲ့ချီ သေဆုံးခဲ့ရပြီး အစုလိုက် အပြုံလိုက် လူတွေ ရွှေ့ပြောင်းခဲ့ရတဲ့ သုံးပတ်ကြာ ပဋိပက္ခကို အဆုံးသတ်နိုင်မယ်လို့လဲ မျှော်လင့်နေကြပါတယ်။
ဆူဒန်မြို့တော် အစိတ်အပိုင်းတွေကို စစ်ဇုန်အဖြစ် ပြောင်းလဲစေခဲ့တဲ့ စစ်တပ်နဲ့ အရင်အမြန် ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့ကြား တိုက်ပွဲတွေ အဆုံးသတ်ဖို့ အမေရိကန်နဲ့ ဆော်ဒီတို့ရဲ့ ကြိုးပမ်းချက်ဟာ ပထမဆုံး ပြင်းထန်တဲ့ ကြိုးပမ်းမှုပါ၊
ပဋိပက္ခတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ဖန်တီးနေတဲ့ နိုင်ငံတွင်း အုံကြွမှုတွေ ဆန္ဒပြပွဲတွေ နှစ်ချီ ဖြစ်ပွားခဲ့ပါတယ်။
အရပ်သားအုပ်ချုပ်ရေးကို နေရာချထားဖို့ နိုင်ငံတကာက ကျောထောက်နောက်ခံ ပေးထားတဲ့ အစီအမံတွေလည်း လမ်းချော်ခဲ့ပါတယ်။