မဲ့ချောင်အိုးပင်း ချန်ပီယံရှစ်ပြိုင်ပွဲ၌ တောင်ကိုရီးယားဂေါက်ရိုက်ကစားသမား ချန်ပီယံဆုရ

124
တောင်ကိုရီးယား ဂေါက်ရိုက်ကစားသမား ချန်မင်ဂျွန်ဟာ မေ ၇ ရက်ကကျင်းပတဲ့ မဲ့ချောင်အိုးပင်း ချန်ပီယံရှစ်ပြိုင်ပွဲမှာ သူရဲ့ပထမဆုံး ပရော်ဖက်ရှင်နယ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဒီကစားသမားက ပရော်ဖက်ရှင်နယ်အဖြစ် သုံးနှစ်တာ ဖြတ်သန်း ခဲ့ပြီးနောက် ဒီပြိုင်ပွဲရဲ့ တတိယအကျော့မှာ သတ်မှတ်ရိုက်ချက် ၆၆ ချက်ထက် ၅ ချက် လျှော့ရိုက်ကာ ချန်ပီယံအောင်မြင်မှုကို အခုလိုရရှိခဲ့တာပါ။
ဒီပြိုင်ပွဲရဲ့ စုစုပေါင်းသတ်မှတ်ရိုက်ချက် ၁၉၇ ချက်မှာလည်း ချန်မင်ဂျွန်က နမ်ဆိုးလ် ကန်းထရီး ကလပ်အတွင်း ၁၆ ချက်အထိ လျှော့ရိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Asian Tour ရဲ့ နောက်ထပ် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကိုလွန် ကိုရီးယားအိုးပင်းပြိုင်ပွဲကိုတော့ လာမယ့်ဇွန်လအတွင်း တောင်ကိုရီးယားနိုင်ငံမှာသာ ဆက်လက်ကျင်းပသွားမှာပါ။