close

သြစတြေးလျနိုင်ငံ၌ လေအေးစီးကြောင်း တိုက်ခတ်

သြစတြေးလျနိုင်ငံအရှေ့တောင်ပိုင်းမှာ လေအေးစီးကြောင်းတွေ ဖြတ်သန်းတိုက်ခတ်လာလို့ ဆီးနှင်းတွေ ထူထူထပ်ထပ် ကျဆင်းလာတဲ့အတွက် ဩစတြေးလျနိုင်ငံ နမ်ဒါဂီ အမျိုးသား ဥယျာဉ်မှာ မေ ၇ ရက်က အဖြူရောင်တွေ ဖုံးလွှမ်းသွားခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

ဩစတြေးလျနိုင်ငံ မြို့တော်နယ်မြေမှာ အပူချိန်က ပျမ်းမျှအောက်သာရှိခဲ့တယ်လို့ ပြည်နယ်မိုးလေဝသဌာနက သတင်း ထုတ်ပြန်ပါတယ်။ 

နယူးဆောက်သ်ဝေးပြည်နယ်မှာ ဆီးနှင်းနဲ့ မိုးသီးတွေပါ ကျဆင်းခဲ့တယ်လို့ ဒေသဆိုင်ရာ မီဒီယာက ပြောပါတယ်။

အရှေ့တောင်ဘက်တစ်ခွင် အအေးဓာတ်တွေ သီတင်းပတ်ကုန်မှာ စတင်ခဲ့ပြီး အပူချိန်ကလည်း သက်ဆိုင်ရာလအတွက် ပျမ်းမျှအပူချိန်အောက် ကျဆင်းသွားပါတယ်။

မေလ ၁၀ ရက်အထိ နှင်းခဲတွေ ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးလေဝသဗျူရိုက သတင်း ထုတ်ပြန်ပါတယ်။ 

Up