close

စင်ကာပူသို့ အင်ဒိုနီးရှားဝက်သား ပြန်လည်တင်ပို့ခွင့်ရရန် တစ်နှစ်ခန့်ကြာနိုင်

အင်ဒိုနီးရှားနိုင်ငံ ပူလွန်ဘူလန်ကျွန်းကနေ စင်ကာပူနိုင်ငံသို့ ဝက်သားထုတ်လုပ်တင်ပို့ရောင်းချမှု ပြန်လည်စတင်ဖို့ ၁ နှစ်လောက် ကြာနိုင်ကြောင်း စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ SFA က မေလ ၉ ရက်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့လက တချို့ဝက်တွေမှာ အာဖရိကဝက်အပြင်းဖျားရာဂါ ASF ဖြစ်ပွားတာကို တွေ့ရှိပြီးနောက် စင်ကာပူဟာ အင်ဒိုနီးရှားကျွန်းမှ ဝက်သားတင်ပို့မှုကို ရပ်ဆိုင်းခဲ့ပါတယ်။

ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)က ပူလွန်ဘူလန်က မွေးမြူရေးခြံတစ်ခြံမှာ ASFဖြစ်ပွားခဲ့တယ်လို့မေလ ၉ရက်နေ့က အတည်ပြုပြောကြားပါတယ်။

ဒီလိုအစားအသောက်ထောက်ပံ့မှု ပြတ်တောက်တာတွေက အခါအားလျော်စွာဖြစ်တတ်ပါတယ်၊ သွင်းကုန်အရင်းအမြစ်တွေကို မတူကွဲပြားအောင်လုပ်မှာဖြစ်ပြီး အစားအစာ ခံနိုင်ရည်အားတောင့်တင်းဖို့အတွက် စက်မှုလုပ်ငန်းနဲ့ ဆက်လက်လုပ်ကိုင်သွားမှာပါ"လို့ SFA ကပြောပါတယ်။

စင်ကာပူရှိအသားကုန်သည်များ အသင်းဥက္ကဌ အယ်လ်ဗင်ကွီကလည်း "ဝက်သားအတွက် ထောက်ပံ့မှုပြတ်တောက်သွားမယ်ဆိုရင် လပေါင်းများစွာ အေးခဲထားတဲ့ဝက်သား စတော့တွေ အလုံအလောက်ရှိနေတယ်"လို့ သူကဆိုပါတယ်။

SFAက စားသုံးသူတွေကို ပရိုတင်းအစားထိုးအခြား အရာတွေ ရွေးချယ်ဖို့ အကြံပေးတိုက်တွန်းထားပါတယ်။

အာဖရိက ဝက်အပြင်းဖျားရောဂါဟာ လူတွေအတွက် အန္တရာယ်မရှိပေမဲ့ ဝက်တွေအတွက် အသက်အန္တရာယ်ရှိနိုင်ပြီး ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေက တရုတ်နိုင်ငံမှာ ရောဂါဖြစ်ပွားခဲ့ပြီး ဝက်သန်းပေါင်းများစွာ သေဆုံးကာအသားထွက်ရှိမှု သိသိသာသာကျဆင်းသွားခဲ့ပြီး အနှစ်မှာလည်း ကူးစက်မှုပြန်လည်မြင့်တက်လာပါတယ်။

Source -CNA

Up