close

ရုရှား မော်တော်ဆိုင်ကယ်ကလပ်အဖွဲ့သားများ နာဇီဂျာမနီကိုအောင်နိုင်မှု အထိမ်းအမှတ် ပန်းခွေချ

ရုရှား နိုက်ထ်ဝုဖ်စ် မော်တော်ဆိုင်ကယ်ကလပ်အသင်းက ဆိုင်ကယ်စီးသူ ဒါဇင်ပေါင်းများစွာဟာ ဥရောပနိုင်ငံအများအပြားကနေ ဂျာမနီနိုင်ငံ ဘာလင်မြို့တော်ဆီ မေ ၉ ရက်က ရောက်လာပြီး ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန် နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံက အောင်နိုင်မှု အထိမ်းအမှတ်အဖြစ် ပန်းခွေတွေကို ချထားခဲ့ပါတယ်။

ဘာလင်မြို့တော်က ဆိုဗီယက်စစ်ပွဲ အောက်မေ့ဖွယ်အခမ်းအနားမှာ အစွန်းရောက် အမျိုးသားရေးဝါဒီ ရုရှားမော်တော်ဆိုင်ကယ်ကလပ် အဖွဲ့ဝင်တွေနဲ့ ထောက်ခံသူတွေကို စာနာအားပေးသူ ရာပေါင်းများစွာက “ရုရှား၊ ရုရှား!” လို့ ကြွေးကြော်ရင်း ကြိုဆိုခဲ့ကြပါတယ်။

နှစ်ပတ်လည်နေ့ မတိုင်ခင်လေးမှာ ဘာလင်တရားရုံးတရုံးက ရုရှားအလံတွေ ခင်းကျင်းပြသတာကို တားမြစ်ခဲ့တာပါ။

အောက်မေ့ဖွယ် အထိမ်းအမှတ်ဆီကို ဂျာမန်ရဲတွေက မော်တော်ဆိုင်ကယ်သမားတွေကို လူ ၁၀ ယောက်လောက်ကို တအုပ်စုနှုန်းနဲ့ ခေါ်ဆောင်ခဲ့ပါတယ်။

အဲဒီမှာ အနီရောင် ဇော်မွှားပန်းတွေကို ချထားပြီး သီချင်းတွေ သီဆိုကြပါတယ်။ ယူကရိန်းနိုင်ငံတော်အလံတွေကို ခြုံထားတဲ့ ယူကရိန်းပြည်သူတွေကတော့ ရုရှားတွေကို ထရပ္ပတိုပန်းခြံ အထိမ်းအမှတ်နေရာက လှေကားမှာ ပက်ပင်းတိုးကြတဲ့အခါ ခံစားချက်တွေ လက်ဖြာနေခဲ့တာပါ။

ဒီနေရာမှာ ဆိုဗီယက်စစ်သည်တယောက်က ဂျာမန်ကလေးတယောက်ကို ချီထားပြီး နာဇီစကြာတံဆိပ်ကို နင်းထားတဲ့ပုံရုပ်တု ရှိနေပါတယ်။ ဒါဟာ ရုရှားတွေအပေါ် ဂျာမန်တွေက အကြွေးတင်နေတာကို သတိပေးဖို့ သင်္ကေတလို့လည်း  ဆိုကြပါတယ်။

Up