close

တောင်ပံတိုက်စစ်မှူး ရာဖေးလ်လီယိုကို အေစီမီလန်အသင်းက ၅ နှစ်စာချုပ် ချုပ်ဆို

အေစီမီလန်အသင်းဟာ တောင်ပံတိုက်စစ်မှူး ရာဖေးလ်လီယိုကို ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ဟာ အေစီမှာခြေစွမ်းပြနေတာကြောင့် ချဲလ်ဆီး၊ လီဗာပူးတို့ အပါအဝင် ဥရောပထိပ်တန်းအသင်းတွေကခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။

ရာဖေးလ်လီယိုကတော့ အေစီမီလန်မှာဆက်နေဖို့ဆုံးဖြတ်ခဲ့ပြီး အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ကြောင်း The Athletic သတင်းမှာဖော်ပြပါတယ်။

အသက် ၂၃ နှစ်ရှိ ရာဖေးလ်လီယိုဟာ မနှစ်က အသင်းကို စကူဒက်တို ချန်ပီယံဆုဖလားရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး အခုနှစ်ရာသီမှာလည်း ၁၃ ဂိုး သွင်း၊ ၁၃ ကြိမ် ဂိုးဖန်တီးပေးထားပါတယ်။

သူဟာ ၂၀၁၉ ခုနှစ်က ပြင်သစ်ကလပ် လိုင်လီကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

Up